အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီဟု တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
"ဒီမနက် ၁၀ နာရီလောက်မှာ ယာဉ်တန်းနဲ့ မြောက်ပိုင်းတိုင်းမှာ ရောက်လာပြီလို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ကောင်စီခေါင်းဆောင်သည် ကချင်ပြည်နယ်တွင် ၂ ရက်ခန့်နေမည်ဟု သိရသည်။
"ခု သတင်းတွေ ထွက်နေတာကတော့ ဒီ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိသူတွေနဲ့ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတာ ကြားတယ်" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌ ရောက်ရှိနေစဉ် လက်ရှိ မြစ်ကြီးနားမြို့အတွင်း၊ အပြင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
ယခုခရီးစဉ်သည် စစ်ကောင်စီဥက္ကဋ္ဌ၏ အာဏာသိမ်းဖြစ်စဉ်အပြီး ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ဖြစ်သည်။







