အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေ

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေ

အာဏာသိမ်းစစ်‌ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီဟု တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

"ဒီမနက် ၁၀ နာရီလောက်မှာ ယာဉ်တန်းနဲ့ မြောက်ပိုင်းတိုင်းမှာ ရောက်လာပြီလို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ကောင်စီခေါင်းဆောင်သည် ကချင်ပြည်နယ်တွင် ၂ ရက်ခန့်နေမည်ဟု သိရသည်။

"ခု သတင်းတွေ ထွက်နေတာကတော့ ဒီ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိသူတွေနဲ့ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတာ ကြားတယ်" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ရောက်ရှိနေစဉ် လက်ရှိ မြစ်ကြီးနားမြို့အတွင်း၊ အပြင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်သည် စစ်ကောင်စီဥက္ကဋ္ဌ၏ အာဏာသိမ်းဖြစ်စဉ်အပြီး ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ဖြစ်သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...