အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို စစ်ကောင်စီတပ်ဖွဲ့တို့က အင်အား အများအပြားဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ က နေ့လည် ၁ နာရီဝန်းကျင်မှာ သူတို့ပွဲရုံကို စကစက အင်အားအများအပြားနဲ့ လာဝိုင်းထားတာ တွေ့ရတယ်၊ ပြီးတော့ ပွဲရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းသွားတယ်၊ ရိုက်နှက်မှုတွေလည်း ရှိတယ်လို့ ကြားမိတယ်၊ ဘာကြောင့်ဖမ်းသလဲဆိုတာတော့ မသိရပါဘူး၊ ဒီအမျိုးသမီးရဲ့ ဖခင်က စစ်မှုထမ်းဟောင်း ဖြစ်ဖူးတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူ အောင်ပန်းမြို့ရှိ “ရှမ်းမလေး” သီးနှံပွဲရုံလုပ်ငန်းရှင်သည် မကေဇင်ကြိုင် ဖြစ်ပြီး၊ သူမကို စစ်ကောင်စီတို့က အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ရှိနေကြောင်း၊ မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရကြောင်း အောင်ပန်းမြို့နေ ပြည်သူ တစ်ဦးကလည်း သျှမ်းသံတောင့်ကို ပြောသည်။

“သူ (မကေဇင်ကြိုင်) က သူ့ဖခင်ကသာ စစ်မှုထမ်းဟောင်းဖြစ်ဖူးတာပါ၊ သူကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လုပ်ဆောင်မှုမရှိပါဘူး၊ သဘောထားကောင်းတယ်၊ အလှူအဒါန်းလည်း ရက်ရောပါတယ်၊ ပြီးတော့ လက်ရှိ သူ့မှာက ကိုယ်ဝန်နဲ့။ ဘယ်နေရာကို ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းကာလများတွင် အောင်ပန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များ၏ တားမြစ်စစ်ဆေးမှုများ တင်းကြပ်မှုရှိနေပြီး ရပ်ကွက်တွင်း လူငယ်များကို မတရားဖမ်းဆီးခံရမှုများလည်း ရှိနေသည့်အတွက် ဒေသံခပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်းလည်း သတင်းသိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...