အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီက အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို စစ်ကောင်စီတပ်ဖွဲ့တို့က အင်အား အများအပြားဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ က နေ့လည် ၁ နာရီဝန်းကျင်မှာ သူတို့ပွဲရုံကို စကစက အင်အားအများအပြားနဲ့ လာဝိုင်းထားတာ တွေ့ရတယ်၊ ပြီးတော့ ပွဲရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းသွားတယ်၊ ရိုက်နှက်မှုတွေလည်း ရှိတယ်လို့ ကြားမိတယ်၊ ဘာကြောင့်ဖမ်းသလဲဆိုတာတော့ မသိရပါဘူး၊ ဒီအမျိုးသမီးရဲ့ ဖခင်က စစ်မှုထမ်းဟောင်း ဖြစ်ဖူးတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူ အောင်ပန်းမြို့ရှိ “ရှမ်းမလေး” သီးနှံပွဲရုံလုပ်ငန်းရှင်သည် မကေဇင်ကြိုင် ဖြစ်ပြီး၊ သူမကို စစ်ကောင်စီတို့က အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ရှိနေကြောင်း၊ မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရကြောင်း အောင်ပန်းမြို့နေ ပြည်သူ တစ်ဦးကလည်း သျှမ်းသံတောင့်ကို ပြောသည်။

“သူ (မကေဇင်ကြိုင်) က သူ့ဖခင်ကသာ စစ်မှုထမ်းဟောင်းဖြစ်ဖူးတာပါ၊ သူကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လုပ်ဆောင်မှုမရှိပါဘူး၊ သဘောထားကောင်းတယ်၊ အလှူအဒါန်းလည်း ရက်ရောပါတယ်၊ ပြီးတော့ လက်ရှိ သူ့မှာက ကိုယ်ဝန်နဲ့။ ဘယ်နေရာကို ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းကာလများတွင် အောင်ပန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များ၏ တားမြစ်စစ်ဆေးမှုများ တင်းကြပ်မှုရှိနေပြီး ရပ်ကွက်တွင်း လူငယ်များကို မတရားဖမ်းဆီးခံရမှုများလည်း ရှိနေသည့်အတွက် ဒေသံခပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်းလည်း သတင်းသိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...