စက်သုံးဆီဈေးကျလာတာကြောင့် တောင်သူတွေ အဆင်ပြေလာ

စက်သုံးဆီဈေးကျလာတာကြောင့် တောင်သူတွေ အဆင်ပြေလာ

ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စပါးစိုက်တောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းကုန်ကျစရိတ်တွေ သက်သာလာတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။ 

"အရင်တလောကဆို ဆီဈေးအရမ်းတက်တော့ ထွန်စက်တွေ ငှားတာစျေးတအားတက်တယ်ပေါ့။ အခုဆီ‌ဈေးကျလာ‌တော့ ထွန်စက်လည်း ဈေးနည်းလာတာ့ငှားရတာလဲ ပိုအဆင် ပြေလာတယ်ပေါ့။‌ မြေဩဇာလဲ ဆီဈေးနည်းနည်းကျလာ တော့ သက်လဲ သက်သာလာတယ်ပေါ့။‌ တောင်သူတစ်‌ယောက်အ‌နေနဲ့တော့ အရင်တလောထက်စာရင် အများကြီးသက်သာလာတယ်"လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဆီဈေးတွေ ထိုးတက်ခဲ့တဲ့ ယခင်လတွေမှာတော့ တချို့တောင်သူ‌‌တွေဟာ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးမပြုနိုင်ဘဲ လယ်ထဲဆင်းဖို့ ခြေကျင်လမ်းလျှောက်သွားနေခဲ့ရာကနေ အခုတော့ ယာဉ်တွေကို ပြန်လည်အသုံးလာနိုင်ကြပြီလို့ အဆိုပါတောင်သူတစ်ဦးက ဆက်ပြောပါတယ်။ 

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ ဓါတ်ဆီ တစ်လီတာကို အများဆုံး ၁၈၀၀၀ကျပ်အထိတက်ခဲ့ပြီး ယခုချိန်မှာတော့ တစ်လီတာကို ၈၀၀၀ကျပ်ထိ ဈေးကျလာသလို ဒီဇယ်က တစ်လီတာကို အများဆုံး ၁၅၀၀၀ ကျပ် ဝန်းကျင် စျေးတက်ခဲ့ပြီး အခုတော့ တစ်လီတာကို ၈၀၀၀ ကနေ ၁၀၀၀၀ ကျပ်ကြား စျေးရှိနေတယ်လို့ စက်သုံးဆီရောင်းချသူတွေဆီကနေသိရပါတယ်။ 

လတ်တလောအနေအထားအရ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီသိုလှောင်ထားနိုင်မှုတွေ နည်းလာပြီး တချို့ဆိုင်တွေပိတ်ထားရတာကြောင့်လည်း စျေးတွေ ပြန်တက်လာနိုင်ဖွယ်ရှိတယ်လို့လည်း စက်သုံးဆီ ရောင်းဝယ်သူ‌ တွေကခန့်မှန်း ပြောကြပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...