ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်း ၁၀၀ ဝန်းကျင် ဖလမ်းမြို့ကို စေလွှတ်

ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်း ၁၀၀ ဝန်းကျင် ဖလမ်းမြို့ကို စေလွှတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင် ကို စစ်ကောင်စီထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့ကို မေလ ၆ ရက်နေ့မှာ စေလွှတ်လိုက်ပြီလို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။

နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ နေ့လယ်လောက်မှာ စပြန်တဲ့ ဝန်ထမ်းလူဦးရေ အတိအကျတော့ မသိပေမယ့် အယောက် ၁၀၀ ဝန်းကျင်ရှိမယ်နဲ့တူတယ်။ အစိုးရဝန်ထမ်းတွေအတွက် ပြင်ဆင်ပေးတဲ့ ကားတွေနဲ့ တချို့လည်း ဆိုင်ကယ်နဲ့ သွားကြတယ်လို့သိရတယ်။ အတတ်နိုင်ဆုံး ဌာနဆိုင်ရာအစုံက ဝန်ထမ်းတွေပါတယ်။ အဓိကတော့ ထွေအုပ်၊ စည်ပင် ၊ EPC နဲ့ မီဒီယာ ၊ သတင်းနဲ့ ပြန်ကြားရေးတွေ စတာတွေ ပါတယ်လို့ သိရပါတယ်” လို့ပြောပါတယ်။

ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်ရဖို့ ၆ လအကြာ အင်အားထောင်ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို ပြန်ထိန်းချုပ်လိုက်ပြီးနောက် အခုလို အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် အစိုးရဝန်ထမ်းတွေကို စေလွှတ်တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို ချင်းလက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကတည်းကနေ ဌာနဆိုင်ရာ Non – CDM တွေဟာ ကလေးမြို့၊ ဟားခါး စတဲ့ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ဖလမ်း - ဟားခါးလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ပေါ်နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ နေရပ်ပြန်လာကြသူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက မနှောက်ယှက်ကြဖို့နဲ့ CDM နဲ့ Non – CDM အကြား နားလည်မှုရှိရှိဖြင့် ပြန်လည်နေထိုင်ကြဖို့ စတဲ့ အချက် ၆ ချက်ကိုလည်း ဖလမ်းငြိမ်းချမ်းရေးကော်မတီ ( Falam Remdaihnak Committee) က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...