စစ်ကောင်စီတပ်မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်အနီးတွင် စက်တင်ဘာ ၁၅ ရက်ည ၈ နာရီခန့်က ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ည ၉ နာရီခွဲမှ ၁၀ နာရီအတွင်း လိုင်ဇာမြို့အနီးရှိ ခယာဘွမ်နှင့် ဘွမ်ရေဘွမ်ဘက်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများတွင် ဖော်ပြထားသည်။

“တခြားဘက်ကတော့ မကြားဘူး၊ ခယာဘွမ်ကနေ ပစ်တာတော့ ၅ ကြိမ်လောက်ကြားပြီ။ ဘယ်ဘက်ကိုသွားကျလဲတော့ မသိတော့ဘူး။” ဟု ခယာဘွမ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်သံကို လိုင်ဇာမြို့မှ ကြားရကြောင်း လိုင်ဇာမြို့ခံများကလည်း ပြောဆိုသည်။

ထို့အပြင် မြစ်ကြီးနား ၂၁ မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပစ်ခတ်သံအချို့ ကြားရပြီးနောက် လေယာဉ် ၂ စီး လာရောက်ပျံဝဲခဲ့ကြောင်း မရမ်းဒေသခံများပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တနိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျန်သည့်နေရာများတွင်မူ ပစ်ခတ်သံများ ငြိမ်သက်နေသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...