စစ်ကောင်စီတပ်မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်အနီးတွင် စက်တင်ဘာ ၁၅ ရက်ည ၈ နာရီခန့်က ပစ်ခတ်သံများကြားရပြီးနောက် စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ည ၉ နာရီခွဲမှ ၁၀ နာရီအတွင်း လိုင်ဇာမြို့အနီးရှိ ခယာဘွမ်နှင့် ဘွမ်ရေဘွမ်ဘက်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများတွင် ဖော်ပြထားသည်။

“တခြားဘက်ကတော့ မကြားဘူး၊ ခယာဘွမ်ကနေ ပစ်တာတော့ ၅ ကြိမ်လောက်ကြားပြီ။ ဘယ်ဘက်ကိုသွားကျလဲတော့ မသိတော့ဘူး။” ဟု ခယာဘွမ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်သံကို လိုင်ဇာမြို့မှ ကြားရကြောင်း လိုင်ဇာမြို့ခံများကလည်း ပြောဆိုသည်။

ထို့အပြင် မြစ်ကြီးနား ၂၁ မိုင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပစ်ခတ်သံအချို့ ကြားရပြီးနောက် လေယာဉ် ၂ စီး လာရောက်ပျံဝဲခဲ့ကြောင်း မရမ်းဒေသခံများပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တနိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျန်သည့်နေရာများတွင်မူ ပစ်ခတ်သံများ ငြိမ်သက်နေသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...