ဒီကနေ့ (စက်တင်ဘာ ၁၄ ရက်) မနက် (၆) နာရီခွဲဝန်းကျင်မှာ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
”မနက် ၅ နာရီကျော်ကတည်းက စပစ်တာ။ အကြာကြီးပဲ။ လက်နက်ကြီး လက်နက်ငယ်တွေလည်းပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မနက် တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ သေဆုံးမှုရှိသလို KA၊ KNDF ဖက်မှ တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ ကနဦးသိရှိရပြီး အတိအကျကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိကျေးရွာက ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။







