ဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့

ဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့

ဒီကနေ့ (စက်တင်ဘာ ၁၄ ရက်) မနက် (၆) နာရီခွဲဝန်းကျင်မှာ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

”မနက် ၅ နာရီကျော်ကတည်းက စပစ်တာ။ အကြာကြီးပဲ။ လက်နက်ကြီး လက်နက်ငယ်တွေလည်းပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ သေဆုံးမှုရှိသလို KA၊ KNDF ဖက်မှ တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ ကနဦးသိရှိရပြီး အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိကျေးရွာက ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...