အဖမ်းဆီးခံရသည့် KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

အဖမ်းဆီးခံရသည့် KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

နစကလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးထားသည့် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြာင်း စုံစမ်းသိရှိရသည်။

တနင်္သာရီတိုင်း မေတ္တာမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးပေါ်၌ လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ဖဒိုစောချဲ့နှင့် ၄င်း၏ရုံးဝန်ထမ်းတစ်ဦးတို့ကို စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ပကာရီကျေးရွာအဝင်တွင် နစကလုံခြုံရေးတပ်ဖွဲ့ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင်လက်နက်ရှာဖွေတွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု တပ်မဟာ ၄ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ငြိမ်းချမ်းရေးအဖွဲ့တွေ အရင်က သွားနေကျပုံစံ KNU အလံတဖက် နိုင်ငံတော်အလံတဖက် ကားရှေ့မှန်ဘေး ချိတ်ပြီးသွားတာပေါ့၊ ဟိုဘက်က လုံခြုံရေးအဖွဲ့တွေ လမ်းမှာစစ်တာ လက်နက်တွေ့တော့ ဖမ်းလိုက်တာပါ၊ ပြန်မလွတ်လာသေးဘူးလို့ ဆက်ဆံရေးရုံးက ပြောတယ်” ဟု ၄င်းက ဆိုသည်။

လယ်ဒိုစိုးမြို့နယ်ဥက္ကဌနှင့် ၄င်း၏ရုံးဝန်ထမ်းတစ်ဦးတို့ထံမှ ၉ မမ ပစ္စတို (၂) လက်၊ ပွိုင့်ဒဿမ ၂၂ သေနတ်အရှည် ၁ လက်နှင့် ကျည်မျိုးစုံ ၂၀၀ တောင့်တို့အား ရှာဖွေတွေ့ရှိဖြင့် ပကာရီရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသော လက်နက်နှင့်ကျည်များမှာ ပဒိုစောချဲ့မှ ထားဝယ် PDF ထံသွားရောင်းမည်ဖြစ်ကြောင်း နစကဘက်က စွပ်စွဲထားသည်ဟု သိရသော်လည်း မွန်သတင်းအေဂျင်စီက ပကာရီရဲစခန်းသို့ ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းသို့ ဖမ်းဆီးခြင်းမဖြစ်ပေါ်မီ ၂ ရက်ခန့်က တပ်မဟာ ၄ ဧရိယာ၌ KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် နစကတပ်ဖွဲ့အကြား တစ်ရက်အတွင်း တိုက်ပွဲငယ် ၄  ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။  

ကရင်အမျိုးသားအစည်းအရုံး KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွင် အင်အားအကြီးမားဆုံးဖြစ်သည်။

 
 

 

 

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...