အင်တာနက်ဖြတ်ခံထားရသည့် ဖားကန့်မြို့မှာ စစ်တပ်သုံး ရဟက်ယာဉ် တစ်ပတ်အတွင်း နှစ်ကြိမ်ပျံဝဲ

အင်တာနက်ဖြတ်ခံထားရသည့် ဖားကန့်မြို့မှာ စစ်တပ်သုံး ရဟက်ယာဉ် တစ်ပတ်အတွင်း နှစ်ကြိမ်ပျံဝဲ

ဖားကန့်မြို့ပေါ် ကောင်းကင်ယံမှာ စစ်တပ်သုံးရဟက်ယာဉ်  တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် ပျံဝဲခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လည် လေးနာရီထိုးခါနီးမှာ လာဝဲတာ။ နာရီဝက်လောက်ကြာတယ်။ ဘာလာလုပ်တာလဲတော့သေချာမပြောတတ်ဘူး၊ ဖားကန့်၊ လုံးခင်း အဲ့ဒီတစ်ကြောမှာဝဲတာ” ဟု ကျောက်လောပန်းတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ပျံဝဲခဲ့ခြင်းဖြစ်သည်။

ရဟက်ယာဉ် ပျံဝဲမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ချို့က စစ်တပ်က ၎င်းတို့၏ လက်နက်နှင့်ရိက္ခာများကို လာပို့ကြောင်း သုံးသပ်ပြောဆိုကြသည်။

ဖားကန့်မြိို့နယ်အတွင်းရှိ စစ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်လေယာဉ် ပျံဝဲခြင်းမရှိသည်မှာ ၎င်းတို့နှင့် KIA တိုက်ပွဲဖြစ်ပွားပြီးသည့် မတ်လနှောင်းပိုင်းကတည်းကဖြစ်ကြောင်း ဖားကန့်မြို့ ရေမဆေးများထံမှ သိရသည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...