ဖားကန့်မြို့ပေါ် ကောင်းကင်ယံမှာ စစ်တပ်သုံးရဟက်ယာဉ် တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် ပျံဝဲခဲ့ကြောင်း သိရသည်။
“မနေ့က နေ့လည် လေးနာရီထိုးခါနီးမှာ လာဝဲတာ။ နာရီဝက်လောက်ကြာတယ်။ ဘာလာလုပ်တာလဲတော့သေချာမပြောတတ်ဘူး၊ ဖားကန့်၊ လုံးခင်း အဲ့ဒီတစ်ကြောမှာဝဲတာ” ဟု ကျောက်လောပန်းတစ်ဦးက ရှမ်းနီအသံကို ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ပျံဝဲခဲ့ခြင်းဖြစ်သည်။
ရဟက်ယာဉ် ပျံဝဲမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ချို့က စစ်တပ်က ၎င်းတို့၏ လက်နက်နှင့်ရိက္ခာများကို လာပို့ကြောင်း သုံးသပ်ပြောဆိုကြသည်။
ဖားကန့်မြိို့နယ်အတွင်းရှိ စစ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဖားကန့်မြို့နယ်တွင် စစ်တပ်လေယာဉ် ပျံဝဲခြင်းမရှိသည်မှာ ၎င်းတို့နှင့် KIA တိုက်ပွဲဖြစ်ပွားပြီးသည့် မတ်လနှောင်းပိုင်းကတည်းကဖြစ်ကြောင်း ဖားကန့်မြို့ ရေမဆေးများထံမှ သိရသည်။







