အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူလည်း ပြန်လည်ကူးစက်ခံရ

အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူလည်း ပြန်လည်ကူးစက်ခံရ

အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူတစ်ဦး ပြန်လည်ကူးစက်ခံရကြောင်း သိရသည်။

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာတို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ Volunteer (စေတနာ့ဝန်ထမ်း) (၁၀) ဦးခန့် ကိုဗစ်ရောဂါပိုးကူးစက်နေကြောင်း ကူးစက်ခံရသူတစ်ဦးက ဆိုသည်။

“ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသာကျနော်က ကိုဗစ်ထိသာပဲ နည်းနည်းတော့ခံရပေါ့ စစချင်း လည်ချောင်းထဲယားလာတယ် ကိုယ်ပူတယ် ညရောက်တော့ ချမ်းစိမ့်ဖျားတယ် ကျနော်က အိန္ဒိယဆေးထိုးထားသာ” ဟု ကူးစက်ခံထားရသူတစ်ဦးက ဆိုသည်။

၎င်းသည် လက်ရှိတိုင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး အနံ့ပျောက်နေဆဲဖြစ်သည်။

“သူက လူနာထိတွေ့မှုလည်း များတာတစ်ပိုင်းပါတာလေ၊ လူနာပို့တာတို့၊ ပိုးတွေ့ပြီးသားကိုလည်း မီးသင်္ဂြိုလ်တာအထိလုပ်တာလေ” ဟု မိုင်းနောင်ကျေးရွာ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။

အင်းတော်ကြီးဒေသ တချို့သော သက်ကြီးရွယ်အိုများနှင့် Volunteer တချို့သည့် အာဏာသိမ်းပြီး တစ်လအကြာတွင် အိန္ဒိယနိုင်ငံထုတ် Covid shell ဆေးကို ထိုးနှံထားသည်။

ယခင်လက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး၊ သံဃာတော် ၁၀ ပါး၊ ပရဟိတအဖွဲ့ ၂၂၅ ဦး၊ စျေးသည် ၅၀ ဦးတို့ ထိုးနှံခဲ့ကြသည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...