အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူလည်း ပြန်လည်ကူးစက်ခံရ

အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူလည်း ပြန်လည်ကူးစက်ခံရ

အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူတစ်ဦး ပြန်လည်ကူးစက်ခံရကြောင်း သိရသည်။

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့နှင့် မိုင်းနောင်ကျေးရွာတို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ Volunteer (စေတနာ့ဝန်ထမ်း) (၁၀) ဦးခန့် ကိုဗစ်ရောဂါပိုးကူးစက်နေကြောင်း ကူးစက်ခံရသူတစ်ဦးက ဆိုသည်။

“ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသာကျနော်က ကိုဗစ်ထိသာပဲ နည်းနည်းတော့ခံရပေါ့ စစချင်း လည်ချောင်းထဲယားလာတယ် ကိုယ်ပူတယ် ညရောက်တော့ ချမ်းစိမ့်ဖျားတယ် ကျနော်က အိန္ဒိယဆေးထိုးထားသာ” ဟု ကူးစက်ခံထားရသူတစ်ဦးက ဆိုသည်။

၎င်းသည် လက်ရှိတိုင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး အနံ့ပျောက်နေဆဲဖြစ်သည်။

“သူက လူနာထိတွေ့မှုလည်း များတာတစ်ပိုင်းပါတာလေ၊ လူနာပို့တာတို့၊ ပိုးတွေ့ပြီးသားကိုလည်း မီးသင်္ဂြိုလ်တာအထိလုပ်တာလေ” ဟု မိုင်းနောင်ကျေးရွာ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။

အင်းတော်ကြီးဒေသ တချို့သော သက်ကြီးရွယ်အိုများနှင့် Volunteer တချို့သည့် အာဏာသိမ်းပြီး တစ်လအကြာတွင် အိန္ဒိယနိုင်ငံထုတ် Covid shell ဆေးကို ထိုးနှံထားသည်။

ယခင်လက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး၊ သံဃာတော် ၁၀ ပါး၊ ပရဟိတအဖွဲ့ ၂၂၅ ဦး၊ စျေးသည် ၅၀ ဦးတို့ ထိုးနှံခဲ့ကြသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...