ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဖိအားပေးထွက်ဆိုမှုဗီဒီယို ထွက်ပေါ်

ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဖိအားပေးထွက်ဆိုမှုဗီဒီယို ထွက်ပေါ်

ပူတာအိုလူငယ်များအနေဖြင့် ‘KIA ကပေးသည့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်းနေထိုင်ရန် ပြောလိုကြောင်း’ ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ထွက်ဆိုမှု ဗီဒီယိုဖိုင်မှာ စစ်ကောင်စီ၏ ဖိအားပေးပြောဆိုခိုင်းမှုတစ်ခုသာဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ လူငယ်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် Dee Lay အမည်ရှိ Facebook တွင်တင်ထားသော ရုပ်သံဗီဒီယိုဖိုင်တွင် ထွက်ဆိုထားသူမှာ ပြီးခဲ့သော ဇွန်လ ၂၈ ရက်နေ့ ပူတာအို မြို့မရပ်ကွက်တွင် ယောက်ဖဖြစ်သူ ဦးရင်ထန်ဖေရမ်ကို လာရောက်ဖမ်းဆီးခဲ့ချိန် ယောက်ဖမရှိသည့်အတွက် ကိုယ်စား ဖမ်းဆီးခံရသော လဂေါင်နော် (La Gawng Naw) ဆိုသူဖြစ်သည်။

“အခုရုပ်သံဗီဒီယိုနဲ့ ထွက်ဆိုထားတဲ့ လူငယ်ကို အစတုန်းကတော့ ပူတာအိုအကျဉ်းထောင်မှာ ထည့်ထားတာ ဟုတ်တယ်။ နောက်ပိုင်းမှာဘဲ (၄၆) တပ်ရင်းထဲ ပြန်ခေါ်ပြီးတော့ အတင်းထွက်ဆိုခိုင်းတဲ့ ရုပ်သံဖြစ်နေတယ်။ အဲ့ဒါကို တစ်ချို့က မသိကြဘူး။ သူ့ဘက်ကနေ ဒီတိုင်း ဝန်ခံပြောဆိုထားတယ်လို့ဘဲ ထင်နေကြတယ်” ဟု နီးစပ်ခဲ့သူ လူငယ်တစ်ဦးက KNG ကို ပြောသည်။

အဆိုပါဗီဒီယိုတွင် ထွက်ဆိုမှုများမှာ ၎င်းတို့အနေဖြင့် ပူတာအိုမှ တီယန်ဇွပ်တစ်ဖက်ကမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နယ်မြေတွင် ၁ လကြာ စစ်သင်တန်းဆင်းပြီး ပြန်လာသူများဖြစ်ကြောင်း ထွက်ဆိုထားသည်။

လက်ရှိတွင် သူနှင့်အတူ သင်တန်းတက်ခဲ့သော မိတ်ဆွေများမှာ တောတောင်ထဲတွင် ထွက်ပြေးနေရသဖြင့် ပူတာအိုရှိ တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်းနေသွားဖို့ ပြောချင်ကြောင်း ဆိုထားသည်။

လက်ရှိ ပူတာအို မြို့ပေါ်ရပ်ကွက်များနှင့် မူလာရှီးဒီဂိတ်အနီးတဝိုက်တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တွင် ပါဝင်သည်ဟုယူဆရသော လူငယ်များ၏ ဓါတ်ပုံများကို ကပ်ထားကာ ဖမ်းဆီးရန်ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာအိုတွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ဆန္ဒပြသော လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း ခေါင်လန်ဖူးမှ ပူတာအိုသို့ဆင်းလာသော လူငယ်များ မဂွေဇတွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့၏ မိဘများကို စစ်တပ်အကြိုက် ပြောဆိုခိုင်းသောဗီဒီယိုများ ထွက်ပေါ်ခဲ့ဖူးသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...