စစ်ပြေးရှောင်ရာမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကလေးငယ်တစ်ဦး ဆုံးပါး

စစ်ပြေးရှောင်ရာမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကလေးငယ်တစ်ဦး ဆုံးပါး

စက်တင်ဘာ ၇ ရက်နေ့ ည (၇) နာရီဝန်းကျင် ဒီးမော့ဆိုမြို့မှာ စစ်ပြေးရှောင်ရင်း ယာဉ်မတော်တဆမှုဖြစ်ပြီး အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ပေါ်ကူးကျေးရွာအဝင်လမ်းခွဲမှာ ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေးငယ်နှစ်ဦးထဲမှ တစ်ဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူ နှစ်ဦးရှိပြီး ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲဖြစ်နေတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

”accident ဖြစ်တာ ကားနဲ့ဆိုင်ကယ်နဲ့ တစ်ယောက်ကသေသွားပြီ ဒီမနက်ပဲ သင်္ဂြိုလ်လိုက်ပြီ။ နောက်ထပ်နှစ်ယောက်က အပြင်းအထန်ဒဏ်ရာရနေတယ်။ ဆေးရုံကိုသွားဖို့ ဆေးခန်းကိုသွားဖို့ တော်တော့်ကို အဆင်မပြေတဲ့အနေအထားမျိုး။“

သေဆုံးသွားတဲ့ ကလေးမှာ ဒေါငံခါး (၂) ရပ်ကွက်တွင် နေထိုင်တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့က ပြည်သူတွေ တဖန် စစ်ရှောင်နေကြရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူ ၈၄ ဦးရှိသွားပြီလို့ သိရပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...