စစ်ကောင်စီလက်နက်ကြီးကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး ကျည်စထိမှန် ဒဏ်ရာရ

စစ်ကောင်စီလက်နက်ကြီးကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး ကျည်စထိမှန် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင် ကချင်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

"ဟုတ်တယ်။ လက်နက်ကြီးကျည်ကျလာလို့ နည်းနည်းထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး။ လက်မှာ။ ဦး T ခေါင်ဒေါင် (Hkawng Dau)။ အသက် ၃၄ နှစ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သံလွင်မြစ်အရှေ့ဖက်ခြမ်း၊ ကိုးကန့်ဒေသတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရှမ်းမြောက် တရုတ်နယ်စပ် ဖောင်းဆိုင်ကျေးရွာအနီးတွင် ဩဂုတ်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး နေ့စဉ် ပစ်ခတ်နေသည့်အပြင် ဝေဟင် ဒရုန်းလွှတ် ထောက်လှမ်းခြင်းများနှင့် ပြုလုပ်နေကြောင်း ကိုးကန့်သတင်းများတွင် ဖော်ပြထားသည်။

မုံးကိုး ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီနှင့် MNDAA တို့ကြား ပြင်းထန်တိုက်ပွဲကြောင့် မန်းယန်နဲ့ ဘန်မွေးက ဒေသခံ ၁၇၀ ကျော် တရုတ် နယ်ခြားမှတ်တိုင် ၁၀၂ အနီးတွင် လက်ရှိထိ ထွက်ပြေးနေရဆဲဖြစ်သည်။

Bum Shep

 
 

 

 

Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...