KIO မိုင်ဂျာယန်မြို့တွင် Covid-19 ပိုးကင်းစင်လာ

KIO မိုင်ဂျာယန်မြို့တွင် Covid-19 ပိုးကင်းစင်လာ

KIO ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယန်တွင် Covid-19 တတိယလှိုင်းအတွင်း ပိုး‌တွေ့လူနာ ၂၀၀၀ ကျော်ရှိခဲ့သော်လည်း ပိုးကင်းစင်လာသည့်အတွက် ယခုချိန် လူဦးရေ ၁၀၀ ခန့်သာဆေးကုသမူခံယူနေတော့ကြောင်း ဗဟို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါတုံ့ပြန်ရေးကော်မတီမှ သိရသည်။

"မိုင်ဂျာယန် တစ်မြို့နယ်လုံးမှာ ပိုးတွေ့လူနာအားလုံးဆို ၂၀၀၀ ကျော်ရှိတယ်။ အများဆုံးတော့ ကျောင်းသားတွေမှာဖြစ်တာများတယ်။ ဒါပေမယ့် ခုတော့ ပိုးကင်းစင်သွားတာ တော်တော်များသွားပြီ။ စုစုပေါင်း ဆေးကုသမူခံယူနေတာ (၁၀၀) ဝန်းကျင်လောက်ဘဲရှိတော့တယ်" ဟု KIO ဗဟို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါတုံ့ပြန်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့နူန်းများလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လမှစကာ အသွားအလာကန့်သတ်မူများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပိုး‌တွေ့လူနာများနဲ့ဆက်စပ်သူများ ဆေးကုသမူပြုလုပ်ခဲ့သည့်အပြင် မိုင်ဂျာယာန်မြို့အတွင်း ‌ပိုးရှိ မရှိ စစ်ဆေးမူ (၄) ကြိမ်တိုင် ပြုလုပ်ခဲ့သည့်နောက် ပိုးကင်းစင်မှုများလာသည့်အတွက် စက်တင်ဘာလ (၁) ရက်နေ့မှစကာ Lock Down ဖြေလျော့မူများ ပြုလုပ်ထားကြောင်း သိရသည်။

"ခု မြို့အတွင်း အသွားအလာကန့်သတ်တာတော့ဖြေလျော့လိုက်ပြီ။ ဒါပေမယ့် ပါကထောင်မှာတော့ ပိုးတွေ့လူနာ ထပ်‌တွေ့နေသေးတာမို့ အဲနေရာကိုတော့ Lock Down လုပ်ထားဆဲဖြစ်တယ်။ မြို့အတွင်း အသွား/အလာဖြေလျော့လိုက်ရင်လည်း ရှေ့ဆက်ပြီးတော့ ပြည်သူများအနေနဲ့ အလိုက်တသိပါဝင်ပေးဖို့ နေမကောင်းတာတွေဖြစ်လာရင် ဆေးစစ်ခံယူရမယ်။ ပြီးတော့ ကိုယ့်စရိတ်နဲ့ကိုယ် Quarantine ဝင်ရအုံးမယ်" ဟု ဗိုလ်မှူးကြီးဟိန်းဝမ်က ဆက်ပြောသည်။

မိုင်ဂျာယန်မြို့တွင် ဆေးစစ်ဆေးမူ ခံယူသူ ဦးရေ ၁၄၀၀၀ ကျော်ခန့်ရှိသည့်အနက် လူဦးရေ ၂၀၀၀ ခန့်ပိုးတွေ့ရှိခဲခြင်းဖြစ်သည်။

သို့သော်လက်ရှိချိန်တွင် မိုင်ဂျာယန်မြို့အနီး ပါကထောင်စစ်ရှောင်စခန်းတွင် ပိုးတွေ့လူနာ အသစ်ထပ်မံတွေ့ရှိနေသေးသည့်အတွက် ပြည်သူများအနေဖြင့်လည်း ကိုဗစ်စည်းကမ်းချက်များလိုက်နာရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့တွင် လက်ရှိချိန်၌ ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနေဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...