မုန်းမြို့နယ်က သင်းအုပ်ဆရာအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

မုန်းမြို့နယ်က သင်းအုပ်ဆရာအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ရေလဲကျေးရွာက ဒေသခံခြောက်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။

သင်းအုပ်ဆရာ ဆရာမိုးဇက်အပါအဝင် စောကပရူစေး၊ စောဌေးလွင်၊ ကိုမင်းမင်း၊ ဦးမြင့်ရွှေနှင့် စောကပရူထူး စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီလက်အောက်ခံ ခမရ (၃၉၄) တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းက ဦးဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖမ်းဆီးခံရသူများကို အာဏာသိမ်းစစ်ကောင်စီက စစ်ဆေးမေးမြန်းပြီးနောက် သင်းအုပ်ဆရာဖြစ်သူ စောမိုးဇက်ကို အသက်ကြီးသောကြောင့် ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်းငါးဦးကို စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေးမည်ဟုဆိုကာ နတ်သံကွင်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

 
 

 

 

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...