ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ

ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲ စစ်ကောင်စီဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရ
Photo - ကိုးကန့် သတင်းဌာန
Photo - ကိုးကန့် သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) အနီး ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ၁၅ ဦးကျ၊ အနည်းဆုံး ၆ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီဘက် ၁၅ ယောက်ကျ၊ အနည်းဆုံး ၆ ထိခိုက်တယ်။ MNDAA ဘက် ထိခိုက်မှုမရှိဘူး။ လက်ရှိမှာ စစ်ကောင်စီဟာ မုံးကိုးဒေသအခြေစိုက် MNDAA တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ထိုးစစ်ဆင်ဖို့ စစ်အင်အားဖြည့်တင်းနေတယ်" ဟု ပြောသည်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ဩဂုတ် ၃၀ ရက်နေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး မေးမြန်းရာ ကိုးကန့် သတင်းနှင့်ပြန်ကြားရေးဘက်က ယခုလို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ ဩဂုတ်လ ၃၁ ရက်‌ နံနက်ပိုင်းကလည်း မုံးကိုး နော့ဂူအနီး မန်မောဝ်ဘက်တွင် စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း မုံးကိုးဒေသခံတစ်ဦးက ပြောသည်။

ရှမ်းမြောက် တရုတ်နယ်စပ်အနီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲကြောင့် ဩဂုတ် ၂၉ ရက်နေ့ကလည်း မုံးကိုး နမ့်ဟာကျေးရွာ ဒေသခံ ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ဩဂုတ်လ ၃၀ ရက်နေ့ကလည် ကြူကုတ် (ပန်ဆိုင်း) နားအနီးတွင် ဒေသခံ ၂ ဦး ထပ်မံ သေဆုံးခဲ့သည်။

မုံးကိုးမြို့နယ်တွင် ဇွန်လဆန်းပိုင်းမှ လက်ရှိအထိ စစ်ကောင်စီနှင့် MNDAA တို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်‌ရှောင်အသစ်များအဖြစ် ဖောင်းဆိုင်ဖက် ၁၉၀ ကျော်၊ မုံးကိုးမြို့တွင် ၆၀၀ ဝန်းကျင်နှင့် ကြူကုတ် (ပန်ဆိုင်း) ဘက်တွင် ၁၄၀၀ ကျော် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

၎င်းတို့အတွက် ရိက္ခာလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...