စစ်တပ်က PDF ဟန်ဆောင်ကာ ရွာတွင်းဝင်ရောက်သောင်းကျန်း

စစ်တပ်က PDF ဟန်ဆောင်ကာ ရွာတွင်းဝင်ရောက်သောင်းကျန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာသို့  ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟန်ဆောင်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် ရွာအတွင်းသောင်းကျန်းကာ တပ်စွဲနေသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“သူတို့က အရပ်သား အဝတ်အစားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားလို ဟန်ဆောင်ပြီးဝင်လာတာ၊ ဒီနယ်ဘက်မှာ PDF တွေကို တောနင်းရှာတဲ့ပုံစံမျိုးလုပ်နေကြတာ၊ အစကတော့ စစ်သားတွေမှန်းမသိဘူး။  နောက်အနီးကပ်ရောက်လာကြတော့ စစ်သားတွေဆိုပြီး တစ်ရွာလုံးပြေးဟယ်လွှားဟယ်ဖြစ်ကုန်တာပါ” ဟုဒေသခံတစ်ဦးက ဆိုသည်။

လိပ်ခြံကျေးရွာသို့ စစ်ကောင်စီတပ်သားများသည် အင်အား ၂၀ ခန့်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဟန်ဆောင်ကာ ဝင်ရောက်လာ‌ကြောင်း သိရသည်။

ယင်းနောက် ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) တွင် တပ်အင်အား ၈၀ခန့် ထပ်မံဖြည့်တင်း တပ်စွဲနေကြောင်း ဒေသခံများကဆိုသည်။

ထို့ အင်အားဖြည့်တင်းထားသည့် တပ်သားများသည် ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ဝင်ရောက်ကာ အိမ်များအတွင်းရှာဖွေမှုများပြုလုပ်ကြသည်။

အိမ်အချို့ဖျက်ဆီးခံရပြီး တန်ဖိုးကြီးသည့်ပစ္စည်းများကို စစ်ကောင်စီတပ်သားများက ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“သူတို့အဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းပြီးရှာနေတဲ့ပုံစံမျိုးပဲ။  ရိက္ခာကုန်တဲ့အခါရွာတွေကိုဝင်မွှေတာမျိုးတွေလုပ်နေကြတာ” ဟုစစ်ကောင်စီတပ်သားများ၏ ပြုမူပုံကို ဒေသခံတစ်ဦးက သုံးသပ်သည်။

တပ်သားများဝင်ရောက်လာသည့် လိပ်ခြံရွာသည် စည်သုံးလုံးချောင်းနဘေးတွင်ရှိပြီး ရွာသားများသည် ချောင်းကိုဖြတ်ကူးကာ လွတ်ရာသို့တိမ်းရှောင်ထွက်ပြေး‌နေကြရသည်။

ထိုဒေသတွင်လှုပ်ရှားနေသည့် ဒလန်ရှင်းလင်းရေးဒေသခံတပ်ဖွဲ့မှ လူငယ်များသည် ရွာသားများအားဘေးလွတ်ရာသို့ရောက်ရှိရန် ကူညီပေးနေစဉ် စစ်ကောင်စီတပ်သားများဘက်မှ လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု အဖွဲ့ဝင်လူငယ်ကဆိုသည်။

“နောက်ကျပြီး ကျန်နေတဲ့ ရွာဦးကျောင်းက ဆရာတော်ကြီးတွေရယ်၊ သက်ကြီးရွယ်အိုတွေကို ခေါ်ထုတ်တဲ့အချိန် သူတို့နောက်ကလိုက်ပစ်ကြတာပါ။ ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်း တစ်ညအိပ်ကာ ဒေသခံများ၏ ကြက်၊ဝက်များအား သတ်စားကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဉ်အတွင်း ကျေးရွာတွင် သတ်ဖြတ်ခံရသူမရှိ‌သော်လည်း အဆက်အသွယ်ပြက်တောက်နေသည့် ရွာသား ငါးဦးခန့်ရှိကြောင်း သိရသည်။

ဒေသခံများ ပေးပို့လာသောဓာတ်ပုံတွင်လည်း လက်နက်ကျည်ဆန်ထိကာ ဇကာပေါက်သဖွယ်ဖြစ်နေသည့် အဆောက်အဦတစ်ခု၏ အမိုးပုံကိုတွေ့ရသည်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...