စစ်ကောင်စီတပ် လက်နက်ကြီးကျည်က ရွာထဲကျ အရပ်သား ၄ ဦးသေဆုံး

စစ်ကောင်စီတပ် လက်နက်ကြီးကျည်က ရွာထဲကျ အရပ်သား ၄ ဦးသေဆုံး

မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာထဲလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အရပ်သားလေးဦးထိမှန်သေဆုံးသွားခဲံသည်။

စစ်ကောင်စီတပ်က ဖောင်းဆိုင်နှင့် မုံးကိုးမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က နမ့်ဟာရွာထဲ့သို့ကျရောက်ပြီး ကလေးငယ်တစ်ဦး၊ လူလတ်ပိုင်းတစ်ဦးနှင့် လူကြီးနှစ်ဦးကို ထိမှန်ခဲ့သည်။

ဒေသခံတစ်ဦးက “လက်နက်ကြီးက အိမ်ပေါ် ကျသွားတော့ စစချင်းက သုံးယောက်ပဲ သေတယ်။ ပြီးမှ တစ်ယောက်ထပ်သေတာပါ” ဟု ပြေ့ာသည်။

နမ့်ဟာရွာသည် ဖောင်းဆိုင်နဲ့ မုံးကိုးကြားမှာရှိပြီး တအာင်း (ပလောင်) လူမျိုးတွေ အများစု နေထိုင်တဲ့ကျေးရွာတစ်ရွာဖြစ်ပြီးတော့ သေဆုံးသူတွေကလည်း တအာင်းလူမျိုးတွေ ဖြစ်သည်။

ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာ ယမန်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးပါသေသွားပြီး အကျအဆုံးများခဲ့သည်ဟု ဒေသတွင်းကလာသော သတင်းများအရသိရသည်။

 
 

 

 

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...