မုံးကိုးဒေသ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရတဲ့ပြဿနာကို MNDAA ဖြေရှင်းပေး

မုံးကိုးဒေသ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရတဲ့ပြဿနာကို MNDAA ဖြေရှင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁၊ မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံလူထုရဲ့ စားနပ်ရိက္ခာပို့ ဆောင်ရေးပြဿနာများကို ဩဂုတ် ၂၇ ရက်နေ့က ဖြေရှင်းပေးနေပြီလို့ ကိုးကန့် MNDAA အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီက ရိက္ခာပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေရဲ့ သောင်တင်နေတဲ့ ဆန်တွေကို ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အကူအညီနဲ့ ကျေးရွာအလိုက် အရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

“မုံးကိုးခရိုင်အုပ်ချုပ်ရေးရုံး၏ အချက်အလက်အရ ဒေသခံပြည်သူလူထုတို့ ဝယ်ယူသောဆန်များသည် စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့် မိမိတို့လက်ထဲသို့ မရောက်ရှိနိုင်ပါ။ သို့သော် ဒီကနေ့ နံနက်တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဒေသခံများဝယ်ယူသောဆန်များမှာ ကျေးရွာအလိုက် ပြည်သူလူထုများထံသို့ အပ်နှင်းနိုင်ခဲ့ပြီဖြစ်သည်” ဟု ကိုးကန့်တပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

တရုတ်နယ်စပ်အနီး ဇူလိုင်လ အစောပိုင်းတိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှာ စစ်ကောင်စီက မုံးကိုးခရိုင် လူရင်းထန် ကျေးရွာအနီးရှိ ရွာသားတွေကို ဖောင်းဆိုင်ဒေသသို့ အတင်းအဓမ္မရွှေ့ပြောင်းစေပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာပြတ်တောက်မှု အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ ပြောပါတယ်။

ဆက်လက်ပြီး ဒေသခံပြည်သူများနဲ့ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုအတွက် ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမယ်လို့ ကိုးကန့်အဖွဲ့က ဆိုပါတယ်။

လက်ရှိတွင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့က ကိုးကန့် မုံးကိုးခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ ဦးဆောင်ကျင်းပတဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအစည်းအဝေးမှာ ဒေသခံပြည်သူလူထုက စားနပ်ရိက္ခာပြဿနာ ဖြေရှင်းပေးရန် တောင်းဆိုတင်ပြလာတာကြောင့် ဩဂုတ်လ ၂၇ ရက်နေ့က ဖြေရှင်းပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...