KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီညွန်ကြားထားသော်လည်း ပြန်လည်ဆွေးနွေးမည်ဟုဆို

KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီညွန်ကြားထားသော်လည်း ပြန်လည်ဆွေးနွေးမည်ဟုဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးကို ဖမ်းဆီးရန် စစ်ကောင်စီဘက်က ညွန်ကြားထားသော်လည်း ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့ PCG တို့ ညှိနှိုင်းမှုဖြင့် ပြန်လည်ဆွေးနွေးမည်ဟု သိရသည်။

KBC အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် တူးမိုင်ကို စစ်ကောင်စီဘက်က ဖမ်းဆီးရန် ထုတ်ပြန်ထားသော်လည်း ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နှင့် PCG တို့မှ ညှိနှိုင်းရန်ပြောကြားထားစဉ် အချိန်ကြန့်ကြာနေမှုကြောင့် ဩဂုတ် ၂၆ ရက်ညနေပိုင်းက အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က KBC ရုံးချုပ်သို့ လာရောက်မေးမြန်းခဲ့ကြောင်း KBC ဥက္ကဋ္ဌ Rev.Dr. Hkalam Samson က ပြောသည်။

“ကိုဗစ်နဲ့ပတ်သက်ပြီး အသင်းတော်တိုင်းအတွက် ဆုတောင်းချက်ထုတ်ပြန်ခဲ့တယ်။ အဲ့ဆုတောင်းချက်ထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အချက် ၂ ချက်ထည့်သွင်းခဲ့တယ်။ အဲ့ဒါကို စစ်တပ်က မြန်မာလို ပြန်ပြီး ဘာသာပြန်တဲ့အခါမှာ သူတို့ကို ‘အကြမ်းဖက်စစ်အုပ်စု’ လို့ပြောတယ်ဆိုပြီး နားလည်မှုလွဲနေတဲ့ သဘောရှိနေတယ်။ အဲတော့ ဆုတောင်းချက်စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးတဲ့ အတွင်းရေးမှူးကို ဖမ်းဆီးဖို့ စာထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် လက်ရှိ စစ်ကောင်စီဥက္ကဌ ခက်ထိန်နန်က PCG နဲ့ ညှိပြီး အမြန်သွားရှင်းပြဖို့ ပြောဆိုထားတာတွေလည်းရှိတယ်။ ကျနော်တို့ ဘက်ကလည်း သွားရှင်းပြဖို့ စီစဉ်နေတဲ့အချိန်အတွင်းမှာဘဲ KBC ရုံးချုပ်ကို လာခဲ့တာဖြစ်တယ်” ဟု Rev.Dr. Hkalam Samson က KNG သို့ ပြောဆိုခဲ့သည်။

ဩဂုတ်လ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်က အုပ်ချုပ်ရေးမှူးများအဖွဲ့အပါ အရပ်ဝတ် ရဲ ၄ ဦးက အတွင်းရေးမှူး ဆရာတော် တူးမိုင်နှင့် ညှိနှိုင်းဆွေးနွေးရန်ဟုဆိုကာ KBC ရုံးချုပ်တွင် လာရောက်ရှာဖွေခဲ့သည်ဟု သိရသည်။

သို့သော် အတွင်းရေးမှူး မရှိနေသည့်အတွက် ပြန်ခေါက်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီက မကြေမနပ်ဖြစ်နေသော KBC ၏ ဩဂုတ် ၇ ရက်နေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KBC ဘက်မှလည်း ဩဂုတ်လ ၂၈ ရက်နေ့တွင် အာဏာသိမ်းတပ်ကို သွားရောက်ရှင်းပြရန် ပြင်ဆင်နေကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်သော KBC ၏စာတွင် အချက် ၈ ချက်ပါဝင်ပြီး ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေသူများအတွက်၊ စစ်ရှောင်များအတွက်၊ နိုင်ငံခေါင်းဆောင်များအတွက်နှင့် စစ်မှန်ပြီး တရားမျှတသော နိုင်ငံတော်ဖြစ်လာစေရန် အသင်းသားများအနေဖြင့် ဆုတောင်းကြဖို့ ပါရှိသည်။

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ‘နိုင်ငံတော်ငြိမ်းချမ်းရေးအတွက်’ ဂိုဏ်းပေါင်းစုံ ဆုတောင်းပွဲတွင် ပါဝင်သော ခရစ်ယာန်ဆရာတော် ၃ ပါးကို စစ်ကောင်စီကဖမ်းဆီးပြီး လက်ရှိ ပူတာအိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...