ပျူစောထီးအဖွဲ့က အုပ်ချုပ်ရေးမှူးဟောင်းကို ဝိုင်းရိုက်ပြီး ရဲလက်အပ်

ပျူစောထီးအဖွဲ့က အုပ်ချုပ်ရေးမှူးဟောင်းကို ဝိုင်းရိုက်ပြီး ရဲလက်အပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မကျီးတုံရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကံမြင့်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပြူးမောင်၏ သားဖြစ်သူ ပျူစောထီးခေါင်းဆောင်နှင့် ပျူစောထီးအဖွဲ့ဝင်များက PDF ထောက်ပံ့နေသူဟု စွပ်စွဲကာ ရိုက်နှက်ပြီး ရဲလက်အပ်လိုက်‌ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။



စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပြူးမောင်သည် ပြည်ခိုင်ဖြိုး ပြည်သူ့ကိုယ်စားလှယ် ရဲမှုးအငြိမ်းစား ဦးဘိုလေးနှင့် ဆွေမျိူးတော်စပ်သူဖြစ်ကြောင်း သိရသည်။



လယ်စိုက်ရန် ပျိုးနှုတ်နေကြသည့် ပျူစောထီးအဖွဲ့သည် ယမန်နေ့ (သြဂုတ် ၂၆ ရက်) မနက် ၁၁ နာရီခန့်က ခင်ဦးသို့ပြန်လာသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးကံမြင့်ကို တားဆီးရိုက်နှက်ပြီး ရဲစခန်းတွင် အမှုဖွင့်ကာ ရဲလက်အပ်လိုက်ခြင်းဖြစ်သည်။



ရဲမှူးဟောင်းဖြစ်သူ ဦးဘိုလေးသည် ဇူလိုင် ၃၀ ရက်က ပျူစောထီးများအား လက်နက်ထုတ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။



"ကြံ့ခိုင်ရေးရုံးထဲကနေ ထုတ်သွားတာ။ လူအများမြင်အောင်ကိုင်ပြီး ထုတ်သွားတာဗျ" ဟု လက်နက်ထုတ်ပေးသည့်နေ့ မြင်ကွင်းကို မြင်လိုက်ရသူက ဆိုသည်။



စစ်ကောင်စီတပ်များသည် ယမန်နေ့ (သြဂုတ် ၂၆ ရက်) တွင် ခင်ဦးမြို့နယ် NLD ရုံးအတွင်းဝင်ရောက်ကာ ပန်ကာ မီးစက် အိုးခွက်ပန်းကန်များ မီတာဘောက်များကို ယူ‌ဆောင်သွားပြီး ရုံးအတွင်း ဆိုင်းဘုတ်ဗီနိုင်းများကိုလည်း ဖျက်ဆီးခဲ့သေးသည်။



ယနေ့ (သြဂုတ် ၂၇ ရက်) မနက် ၁၀ နာရီအချိန်ခန့်က ပျူစောထီးမျသည် မြေအောက်ခန်းရှိသည်ဟုဆိုကာ ဗလီအတွင်း ဝင်ရောက်ရှာဖွေမွှေနှောက်ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...