ဦးနိုင်ငံလင်း ဇနီးအပါအဝင် ၁၂ ဦးကို CDM နှင့် PDF များအား ထောက်ပံ့‌နေသည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ဦးနိုင်ငံလင်း ဇနီးအပါအဝင် ၁၂ ဦးကို CDM နှင့် PDF များအား ထောက်ပံ့‌နေသည်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူ

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းနှင့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် ၁၂ ဦးကို  CDM ဝန်ထမ်းများနှင့် PDF များကို ရိက္ခာ၊ ငွေကြေးများ ထောက်ပံ့ကူညီမှုဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးဌာနမှ ဩဂုတ် ၂၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဦးနိုင်ငံလင်းဇနီးအပါအဝင် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသည့် ဒေါ်ခင်မြတ်သူ၊ ဒေါ်နီနီမေမြင့်နှင့် ဆက်စပ်သူများကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားခြင်း ဖြစ်သည်။

ဒေါ်ခင်စန္ဒာဝင်းသည် မင်္ဂလာဒုံ PDF အဖွဲ့ထံ ဆန်ရိက္ခာများ ထောက်ပံ့ခဲ့သည့်အတွက် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် လှိုင်မြစ်လမ်းရှိ အင်းစိန်အကျဉ်းထောင်အနီးတွင် ဩဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဒေါ်ခင်စန္ဒာဝင်း ဖမ်းဆီးခံရစဉ် အတူပါလာသည့် အသက်ကိုးနှစ်အရွယ် သားငယ်၏မျက်နှာကို အဝတ်ဖြင့်စည်းပြီး ဩဂုတ် ၂၅ ရက် ညပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက မိသားစုဝင်များထံ ပြန်လာပို့ခဲ့သည်။

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူသည် CDM ဝန်ထမ်းများအား ထောက်ပံ့ကူညီရေးအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအဖြစ် ဆောင်ရွက်နေသည်ဟုဆိုကာ ဩဂုတ် ၂၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒေါ်နီနီမေမြင့်ကိုမူ အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် မေလ ၁၂ ရက်ကပင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ၎င်းသည် မေလကစတင်ကာ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် ပြည်သူအများအပြားကို ဖမ်းဆီးထိန်းသိမ်းပြီး ပုဒ်မတပ် အမှုဖွင့်ထားသည်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...