စစ်ကောင်စီနှင့် KIA တိုက်ပွဲကြောင့် တန်ဂျာဒေသခံ ၄၀၀ ကျော် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးလာ

စစ်ကောင်စီနှင့် KIA တိုက်ပွဲကြောင့် တန်ဂျာဒေသခံ ၄၀၀ ကျော် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးလာ

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင် ယနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ဖြင့် တန်ဂျာကျေးရွာပြည်သူများ ၄၀၀ ကျော်သည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် အာဏာသိမ်းစစ်တပ် အင်အား ၆၀ ခန့်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း လက်နက်ကြီးကျပြီး လူထိခိုက်သေဆုံးမှုဖြစ်မည်ကို မလိုလားသဖြင့် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု တန်ဂျာရွာသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့ အားလုံးနီးပါးထွက်ပြေးခဲ့တယ်။ တစ်ချို့ကဆိုင်ကယ်နဲ့ပြေးတယ်။ တစ်ချို့က လုံရှာယန် နှစ်ခြင်းအသင်းတော်ကနေ ကားနဲ့ လာကြိုပေးတယ်။ ကျနော်ရွာမှာ မနေရဲတော့ဘူး။ ရွာကိုမီးရှို့ပေးမှာကိုလည်း စိုးရိမ်တယ်။ နောက် လက်နက်ကြီးကျမှာလည်း ကြောက်တယ်။” ဟု ပြောဆိုသည်။

ပြီးခဲ့သောဇွန်လ တန်ဂျာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် တန်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူးကို အာဏာသိမ်းစစ်တပ်မှ ခေါ်ယူကာ ‘နောက်တစ်ကြိမ် ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လျှင် ရွာကိုမီးရှို့ပစ်မည်’ ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တန်ဂျာစစ်ရှောင်များမှာ လူဦးရေ ၄၀၀ ကျော်ခန့်နှင့် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး လက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းနှင့် နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေရကြောင်း သိရသည်။

လုံရှာယန်ကျေးရွာ အုပ်စုအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ပြုလုပ်နေသည့်အတွက် KIA က မကြာခဏ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေပြီး လွန်ခဲ့သော ဧပြီလမှ ယနေ့ချိန်ထိ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ရှိခဲ့သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...