ဟုမ္မလင်းမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာချိန် ကန့်သတ်ထားပြီး မလိုက်နာသူများ အရေးယူမည်ဟုဆို

ဟုမ္မလင်းမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာချိန် ကန့်သတ်ထားပြီး မလိုက်နာသူများ အရေးယူမည်ဟုဆို
ဟုမ္မလင်းမြို့တစ်နေရာ Photo Credit – Homalin & Upper Chindwin Region Images/Facebook Page
ဟုမ္မလင်းမြို့တစ်နေရာ Photo Credit – Homalin & Upper Chindwin Region Images/Facebook Page

ဟုမ္မလင်းမြို့နယ်အတွင်းတွင် ဩဂုတ်လ (၂၃) ရက်နေ့မှ စတင်ပြီး နံနက် (၁၁) နာရီမှ ညနေ (၃) နာရီအထိ နာရေးမှအပ နေအိမ်ပြင်ပ ထွက်ခွာခွင့်လုံးဝမပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနက ဒေသန္တရအမိန့်တစ်ခုကို ယနေ့ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“ထွက်ရင်ဖမ်းမှာတဲ့ နေ့လည်က ကြေညာသွားတယ်” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် ဆေးဆိုင်နှင့် အခြေခံစားသောက်ကုန်များကို အချိန်ပြည့်ဖွင့်လှစ်ခိုင်းထားပြီး ကျန်စျေးဆိုင်များသည် နံနက် (၅) နာရီမှ (၁၁) နာရီအထိနှင့် ညနေ (၄) နာရီမှ ညနေ (၇) နာရီအထိသာ ကန့်သတ်ရောင်းချခွင့်ပြုထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်များကိုမလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ရာဇာတ်သတ်ကြီး ဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေတို့ဖြင့် အရေးယူမည်ဟုဆိုသည်။

လက်ရှိဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သော်လည်း ကျေးရွာများတွင်ထိုကိစ္စရပ်ကို မသိရှိသေးကြောင်း သိရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...