ဟုမ္မလင်းမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာချိန် ကန့်သတ်ထားပြီး မလိုက်နာသူများ အရေးယူမည်ဟုဆို

ဟုမ္မလင်းမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာချိန် ကန့်သတ်ထားပြီး မလိုက်နာသူများ အရေးယူမည်ဟုဆို
ဟုမ္မလင်းမြို့တစ်နေရာ Photo Credit – Homalin & Upper Chindwin Region Images/Facebook Page
ဟုမ္မလင်းမြို့တစ်နေရာ Photo Credit – Homalin & Upper Chindwin Region Images/Facebook Page

ဟုမ္မလင်းမြို့နယ်အတွင်းတွင် ဩဂုတ်လ (၂၃) ရက်နေ့မှ စတင်ပြီး နံနက် (၁၁) နာရီမှ ညနေ (၃) နာရီအထိ နာရေးမှအပ နေအိမ်ပြင်ပ ထွက်ခွာခွင့်လုံးဝမပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနက ဒေသန္တရအမိန့်တစ်ခုကို ယနေ့ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“ထွက်ရင်ဖမ်းမှာတဲ့ နေ့လည်က ကြေညာသွားတယ်” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် ဆေးဆိုင်နှင့် အခြေခံစားသောက်ကုန်များကို အချိန်ပြည့်ဖွင့်လှစ်ခိုင်းထားပြီး ကျန်စျေးဆိုင်များသည် နံနက် (၅) နာရီမှ (၁၁) နာရီအထိနှင့် ညနေ (၄) နာရီမှ ညနေ (၇) နာရီအထိသာ ကန့်သတ်ရောင်းချခွင့်ပြုထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်များကိုမလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ရာဇာတ်သတ်ကြီး ဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေတို့ဖြင့် အရေးယူမည်ဟုဆိုသည်။

လက်ရှိဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သော်လည်း ကျေးရွာများတွင်ထိုကိစ္စရပ်ကို မသိရှိသေးကြောင်း သိရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...