၄၄ လမ်း ကျဆုံးလူငယ်များ ရက်လည်နေ့တွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်

၄၄ လမ်း ကျဆုံးလူငယ်များ ရက်လည်နေ့တွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်

ရန်ကုန်မြို့ ၄၄ လမ်းတွင် ကျဆုံးသွားသည့် လူငယ်များ၏ ရက်လည်နေ့ ဩဂုတ် (၁၇) ရက်နေ့ညတွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်ခဲ့ကြကြောင်း ၎င်းသမဂ္ဂထံမှ သိရသည်။

“ယနေ့ မိုးညှင်းကျောင်းသားလူငယ် တက်ကြွလှုပ်ရှားသူများက 44 လမ်းတွင် ကျဆုံးခဲ့သော အာဇာနည်များနဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးများ၌ကျဆုံးခဲ့ရသော အာဇာနည်များအတွက် အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေးအထိမ်းအမှတ်သီချင်းများ သီဆိုပြီးတော့ ညသပိတ် လုပ်ခဲ့တာ” ဟု ပါဝင်သူ လူငယ်တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ၄၄ လမ်းရှိ ၄ လွှာတိုက်ခန်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးရာ လူငယ်များက တိုက်ခန်းမှ လူငယ် ၅  ဦးခုန်ချခဲ့ကာ သေဆုံးသူ (၂) ဦးရှိခဲ့ကာ (၃) ဦးကို စစ်ဆေးရုံတွင် ကုသပေးနေသည်ဟုဆိုသည်။

ခုန်မချပဲ ကျန်ခဲ့သူ (၃) ဦး ဖမ်းဆီးရမိပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ၏ ရုပ်သံလိုင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စာရင်းအရ နွေဦးတော်လှန်ရေးတွင် သေဆုံးသူစုစုပေါင်း ၉၉၉ ဦးထိရှိခဲ့ပြီး ၇၃၂၀ ဦးဖမ်းဆီးခံထားရသည်ဟုဆိုသည်။

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...