၄၄ လမ်း ကျဆုံးလူငယ်များ ရက်လည်နေ့တွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်

၄၄ လမ်း ကျဆုံးလူငယ်များ ရက်လည်နေ့တွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်

ရန်ကုန်မြို့ ၄၄ လမ်းတွင် ကျဆုံးသွားသည့် လူငယ်များ၏ ရက်လည်နေ့ ဩဂုတ် (၁၇) ရက်နေ့ညတွင် မိုးညှင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် တက်ကြွလူငယ်များပူးပေါင်းပြီး ညသပိတ်ပြုလုပ်ခဲ့ကြကြောင်း ၎င်းသမဂ္ဂထံမှ သိရသည်။

“ယနေ့ မိုးညှင်းကျောင်းသားလူငယ် တက်ကြွလှုပ်ရှားသူများက 44 လမ်းတွင် ကျဆုံးခဲ့သော အာဇာနည်များနဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးများ၌ကျဆုံးခဲ့ရသော အာဇာနည်များအတွက် အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေးအထိမ်းအမှတ်သီချင်းများ သီဆိုပြီးတော့ ညသပိတ် လုပ်ခဲ့တာ” ဟု ပါဝင်သူ လူငယ်တစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ၄၄ လမ်းရှိ ၄ လွှာတိုက်ခန်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်ဖမ်းဆီးရာ လူငယ်များက တိုက်ခန်းမှ လူငယ် ၅  ဦးခုန်ချခဲ့ကာ သေဆုံးသူ (၂) ဦးရှိခဲ့ကာ (၃) ဦးကို စစ်ဆေးရုံတွင် ကုသပေးနေသည်ဟုဆိုသည်။

ခုန်မချပဲ ကျန်ခဲ့သူ (၃) ဦး ဖမ်းဆီးရမိပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီ၏ ရုပ်သံလိုင်းတွင် ဖော်ပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စာရင်းအရ နွေဦးတော်လှန်ရေးတွင် သေဆုံးသူစုစုပေါင်း ၉၉၉ ဦးထိရှိခဲ့ပြီး ၇၃၂၀ ဦးဖမ်းဆီးခံထားရသည်ဟုဆိုသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...