စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ

စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ

ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းမှ သေနတ်ပစ်ခတ်မှုကြောင့် စျေးမှပြန်လာသော ဒေသခံအမျိုးသမီး ကျည်ထိမှန်ကာ လဲကျနေသည်ကို ယနေ့ညနေပိုင်းက တွေ့ရကြောင်း ဒေသခံများပြောသည်။

ဩဂုတ် ၁၃ ရက်နေ့ ယနေ့ည ၅ နာရီဝန်းကျင်မှစကာ ခလရ (၅၈) တပ်ရင်းသည် လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်နေပြီး ဝိုင်းမော်ဘက်မှ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးငယ်တစ်ဦးကို သေနတ်ထိမှန်ကာ လဲကျနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဲအမျိုးသမီးက ဈေးသည်လို့ပြောကြတယ်။ ဝိုင်းမော်ဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ (၅၈) တပ်ရှေ့မှာကို ပစ်သတ် လိုက်တယ်လို့ကြားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ထိမှန်သည့် အမျိုးသမီးသည် ကလေးမိခင်တစ်ဦးဖြစ်ပြီး ဝူယန်ငေါ့ချန်းရပ်ကွက်မှ ‌ဒေါ်ဆောင်ပြုံးဆိုသူဖြစ်ကြောင်း သိရသည်။

"ခုကျနော်တို့ရွာသားတွေ အလောင်းသွားကောက်မယ်ဆိုတော့ ကောက်ခွင့်မပေးဘူး။ အလောင်းကို ဇလုံအကြီးနဲ့အုပ်ထားပြီး လူနာတင်ကားစောင့်နေကြတယ်လို့ သိရတယ်" ဟု ဝူယန်ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရ သေနတ်ထိမှန်သော အမျိုးသမီးသည် သေဆုံးသွာပြီဟုဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရသေးပါ။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညစဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ကာ သေဆုံးမှုများရှိနေသည်ကို တွေ့ရပါသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...