လမုန်ဇွပ်ဂိတ်တွင် အမျိုးသား ၅ ဦး ဖမ်းဆီးခံရပြီး စစ်ဆေးရေး ပိုတင်းကြပ်လာ

လမုန်ဇွပ်ဂိတ်တွင် အမျိုးသား ၅ ဦး ဖမ်းဆီးခံရပြီး စစ်ဆေးရေး ပိုတင်းကြပ်လာ
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၃၁ ရက်နေ့က မြစ်ကြီးနားမြို့နယ် လမုန်ဇွပ်စစ်တပ်ဂိတ် အထက်ဘက်မှ ဆိုင်ကယ်ဖြင့် ဆင်းလာသည့် အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားပြီးနောက် လမ်းသွားလမ်းလာ ပြည်သူများကိုပါ စစ်ဆေးရေး ပိုမိုတင်းကြပ်နေ ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

အဆိုပါလမ်းပိုင်းတွင် သွားလာသူ ဒေသခံတစ်ဦးက “လမုန်ဇွပ်ဂိတ်မှာ လူ ၅ ယောက်ကို ဖမ်းထားတယ်။ ဘယ် သူတွေလဲ၊ ဘယ်ကလဲတော့ မသိဘူး။ အဲဒီလမ်းကနေ သွားလာရင်း ဖမ်းခံရတာ။ မနေ့ကနဲ့ ဒီနေ့ဆို စစ်ဆေးတာ တော်တော်တင်းကြပ်နေတယ်။ တစ်ယောက်ကိုစစ်ရင် နာရီဝက်၊ တစ်နာရီလောက်ကြာတယ်။ ဖုန်းတွေကို လည်း အသေးစိတ် စစ်ပါတယ်” ဟု KNG ကို ပြောသည်။

ဩဂုတ် ၁ ရက်နေ့မှ စတင်ကာ ၃ ရက်နေ့အထိ လမုန်ဇွပ်ဂိတ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာပြီး ဆိုင်ကယ်နှင့် ကားများကို ဂိတ်မရောက်ခင်ကတည်းက စစ်ဆေးခြင်း၊ ဖုန်းများကို စက်နည်းပညာ အသုံးပြု စစ်ဆေး ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

အခြား ဒေသခံတစ်ဦးက “အရင်ထက် ပိုစစ်လာတယ်။ ဂိတ်မရောက်ခင်ကတည်းက ဆိုင်ကယ်ရော ကားရော အကုန်စစ်တယ်။ အလကားနေ ဖမ်းခံရမှာစိုးရတယ်။ လူငယ်တွေ သွားလာရတာ ပိုဂရုစိုက်ရပါတယ်” ဟု ပြော သည်။

မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းတွင် လမုန်ဇွပ် စစ်တပ်ဂိတ်နှင့် မြစ်ဆုံ-တန်ဖရဲ ဂိတ်တို့သည် စစ်ဆေးမှု အတင်းကြပ်ဆုံး နေရာများဖြစ်ကာ လက်ရှိတွင် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ် တပ်ဖွဲ့ဝင်များက အလှည့်ကျ ဂိတ် တာဝန်ယူနေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ လမ်းပိုင်းတွင် ပုံမှန်အားဖြင့် မှတ်ပုံတင်နှင့် ခရီးသွားလာရသည့် အကြောင်းပြချက်များကို စစ်ဆေးလေ့ ရှိသော်လည်း ယခုရက်ပိုင်းအတွင်း လူငယ်နှင့် လူလတ်ပိုင်းအရွယ်များကို ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်၊ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA/KIO နှင့် မဟာမိတ်တပ်ဖွဲ့များက ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြင်းထန်ခဲ့ပြီးနောက် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့သည် မြစ်ကြီးနား - ပူတာအို လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်အတွင်း သွားလာ ရေးနှင့် စစ်ရေးအရ အရေးပါသည့် နေရာတစ်ခုဖြစ်သလို စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသလည်း ဖြစ်သည်။

ယခုကဲ့သို့ ဆွမ်ပရာဘွမ် ဒေသအတွင်း စစ်ရေး အခြေအနေများကြောင့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်း တွင် စစ်ဆေးရေးများ တင်းကြပ်လာပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အပေါ် သက်ရောက်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုကြသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...