မွန်ပြည်နယ်က မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူ

မွန်ပြည်နယ်က မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူနေတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က သြဂုတ် ပထမအပတ်ကစပြီး မြို့နယ်အချို့ရဲ့ လူစည်းကားရာနေရာတွေမှာ စစ်ဆေးပြီး အရေးယူနေတာဖြစ်ပါတယ်။

"အဓိကတော့ တချို့ လမ်းသွားလမ်းလာတွေ လိုက်နာမှု အားနည်းသေးတယ်၊ ဒါကြောင့် ဒဏ်ကြေးဆောင်ခိုင်းတာတို့ အဲ့လိုမျိုးတွေကို အချို့ မြို့နယ်တွေမှာ ဆောင်ရွက်နေတယ်"လို့ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ဆေးတွေ့ရှိရင် တစ်ဦးကို ကျပ် ၅၀၀၀ နှုန်းနဲ့ ဒဏ်ငွေရိုက် အရေးယူနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အပါအဝင် မြို့နယ်အများစုမှာ Mask မတပ်သူတွေကို စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ထိရှိလာပြီး၊ အဲဒီထဲမှာ ကိုဗစ်လူနာ ၉၅၀ ကျော် သေဆုံးထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...