မွန်ပြည်နယ်က မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူ

မွန်ပြည်နယ်က မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ Mask မတပ်တဲ့သူတွေကို စတင်အရေးယူနေတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ကောင်စီ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က သြဂုတ် ပထမအပတ်ကစပြီး မြို့နယ်အချို့ရဲ့ လူစည်းကားရာနေရာတွေမှာ စစ်ဆေးပြီး အရေးယူနေတာဖြစ်ပါတယ်။

"အဓိကတော့ တချို့ လမ်းသွားလမ်းလာတွေ လိုက်နာမှု အားနည်းသေးတယ်၊ ဒါကြောင့် ဒဏ်ကြေးဆောင်ခိုင်းတာတို့ အဲ့လိုမျိုးတွေကို အချို့ မြို့နယ်တွေမှာ ဆောင်ရွက်နေတယ်"လို့ မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို စစ်ဆေးတွေ့ရှိရင် တစ်ဦးကို ကျပ် ၅၀၀၀ နှုန်းနဲ့ ဒဏ်ငွေရိုက် အရေးယူနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်အပါအဝင် မြို့နယ်အများစုမှာ Mask မတပ်သူတွေကို စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ထိရှိလာပြီး၊ အဲဒီထဲမှာ ကိုဗစ်လူနာ ၉၅၀ ကျော် သေဆုံးထားပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...