အင်းတော်ကြီးဒေသတွင် လူငါးရာကျော် ကိုဗစ်ဆေးထိုးနှံပြီး

အင်းတော်ကြီးဒေသတွင် လူငါးရာကျော် ကိုဗစ်ဆေးထိုးနှံပြီး

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဩဂုတ်လ ၆–၇ ရက်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၆၅) နှစ်နှင့်အထက်များ၊ ပရဟိတများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စျေးသည်များလည်း ပါဝင်ကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ကာကွယ်ဆေးခွဲတမ်း အလုံးရေ ၂၅၀ ရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းထိုးနှံနိုင်မှုကြောင့် လူဦးရေ ၅၀၀ ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး၊ သံဃာတော် ၁၀ ပါး၊ ပရဟိတအဖွဲ့ ၂၂၅ ဦး၊ စျေးသည် ၅၀ ဦးတို့ ထိုးနှံခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ သံဃာတော်တချို့၊ သက်ကြီးရွယ်အိုတချို့ကို စစ်ကောင်စီက အာဏာသိမ်းပြီး လအနည်းငယ်အတွင်း အရင်အစိုးရက ကျန်းမာရေးဝန်ထမ်းများ ဒုတိယအကြိမ်ထိုးနှံရန် ကျန်နေသည့် Covidshell ကို ထိုးနှံပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Photo: ဩဂုတ်လ (၇) ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားနေသည့် ပုံရိပ်များ Photo - ကိုပေါ်ထင်/မိုင်းနောင်

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...