အင်းတော်ကြီးဒေသတွင် လူငါးရာကျော် ကိုဗစ်ဆေးထိုးနှံပြီး

အင်းတော်ကြီးဒေသတွင် လူငါးရာကျော် ကိုဗစ်ဆေးထိုးနှံပြီး

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဩဂုတ်လ ၆–၇ ရက်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၆၅) နှစ်နှင့်အထက်များ၊ ပရဟိတများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စျေးသည်များလည်း ပါဝင်ကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် ကာကွယ်ဆေးခွဲတမ်း အလုံးရေ ၂၅၀ ရရှိခဲ့ပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်းထိုးနှံနိုင်မှုကြောင့် လူဦးရေ ၅၀၀ ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကာကွယ်ဆေးထိုးမှုတွင် အသက် (၆၅) နှစ်အထက် ၁၉၀ ဦး၊ သံဃာတော် ၁၀ ပါး၊ ပရဟိတအဖွဲ့ ၂၂၅ ဦး၊ စျေးသည် ၅၀ ဦးတို့ ထိုးနှံခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ သံဃာတော်တချို့၊ သက်ကြီးရွယ်အိုတချို့ကို စစ်ကောင်စီက အာဏာသိမ်းပြီး လအနည်းငယ်အတွင်း အရင်အစိုးရက ကျန်းမာရေးဝန်ထမ်းများ ဒုတိယအကြိမ်ထိုးနှံရန် ကျန်နေသည့် Covidshell ကို ထိုးနှံပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Photo: ဩဂုတ်လ (၇) ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားနေသည့် ပုံရိပ်များ Photo - ကိုပေါ်ထင်/မိုင်းနောင်

 
 

 

 

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...