ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော် (၇၄) နှစ် ပျံလွန်တော်မူ

ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော် (၇၄) နှစ် ပျံလွန်တော်မူ

ကျိုက်မရောမြို့နယ် တရဏာကျေးရွာ ရာမညနိကာယ ဘာဓမ္မစက်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိသာရဒ သက်တော် (၇၄) နှစ် (၅၄) ဝါသည် မော်လမြိုင်မြို့ သာသနာရက္ခိတဘုန်းတော်ကြီးကျောင်း၌ ဆေးကုသခံယူရင်း ယမန်နေ့နံနက် ၉ နာရီခန့်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းရရှိသည်။

နာတာရှည်ရောဂါအခံရှိသူဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် အောက်စီဂျင်ဖြင့် တစ်ပတ်ကျော်ကြာ ကုသခံယူစဉ် ပျံလွန်ခဲ့ခြင်းဖြစ်သည်။

အစိုးရပထမပြန်စာမေးပွဲတွင် သာသနာဓဇဓမ္မာစရိယဘွဲ့တဆိပ်တော် ဒီဃနိကာယ ပါဠိပါရဂူအောင်မြင်ခဲ့သူ မွန်ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကော့ဘိန်းပရိယတ္တိစာသင်တိုက် စာချဆရာတော်ဟောင်းလည်း ဖြစ်ခဲ့သည်။

ထို့အပြင် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ်တွင် "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ" နှင့် ၁၃၆၈ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တဆိပ်တော် ချီးမြှင့်ခံရသည်။

 
 

 

 

Most read this week

Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...