ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော် (၇၄) နှစ် ပျံလွန်တော်မူ

ပါဠိပါရဂူ တရဏာဆရာတော် ဘဒ္ဒန္တဝိသာရဒ သက်တော် (၇၄) နှစ် ပျံလွန်တော်မူ

ကျိုက်မရောမြို့နယ် တရဏာကျေးရွာ ရာမညနိကာယ ဘာဓမ္မစက်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိသာရဒ သက်တော် (၇၄) နှစ် (၅၄) ဝါသည် မော်လမြိုင်မြို့ သာသနာရက္ခိတဘုန်းတော်ကြီးကျောင်း၌ ဆေးကုသခံယူရင်း ယမန်နေ့နံနက် ၉ နာရီခန့်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းရရှိသည်။

နာတာရှည်ရောဂါအခံရှိသူဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် အောက်စီဂျင်ဖြင့် တစ်ပတ်ကျော်ကြာ ကုသခံယူစဉ် ပျံလွန်ခဲ့ခြင်းဖြစ်သည်။

အစိုးရပထမပြန်စာမေးပွဲတွင် သာသနာဓဇဓမ္မာစရိယဘွဲ့တဆိပ်တော် ဒီဃနိကာယ ပါဠိပါရဂူအောင်မြင်ခဲ့သူ မွန်ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကော့ဘိန်းပရိယတ္တိစာသင်တိုက် စာချဆရာတော်ဟောင်းလည်း ဖြစ်ခဲ့သည်။

ထို့အပြင် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ်တွင် "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ" နှင့် ၁၃၆၈ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တဆိပ်တော် ချီးမြှင့်ခံရသည်။

 
 

 

 

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...