လွိုင်ကော်မြို့နယ်အရှေ့ဖက်မှာ တိုက်ပွဲဖြစ်ပွား

လွိုင်ကော်မြို့နယ်အရှေ့ဖက်မှာ တိုက်ပွဲဖြစ်ပွား

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ဒေါမူကလားကျေးရွာ အရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သူတို့နယ်ကျော်လာလို့ပစ်တာ သူတို့အင်အား ၈၀ ကျော်လောက်ရှိမယ်။ ဒီမနက် ၁၁ နာရီခွဲလောက်မှာပစ်တယ် ၂၀ မိနစ်လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာက ၁၁ နာရီခွဲလောက်မှာဖြစ်တာ ဒါပေမယ့် ၁၂ နာရီကျော် ၁ နာရီထိတော့ ပစ်နေတာရှိတယ် သူတို့ ဘာပစ်နေတာလဲတော့မသိဘူး။ သူတို့ အဲ့နေရာမှာပဲ ရှိသေးတယ်လို့ယူဆရတယ် ဒီမှာက စစ်ဘေးရှောင်တွေရှိတယ် အခုလိုဖြစ်တော့ သူတို့ပိုပြီး ကြောက်လန့်တယ်။ ဒီဖက်မှာက စစ်ဘေးရှောင် တစ်ထောင်လောက်ရှိတယ်” လို့ ကရင်နီတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီဖက်က နယ်မြေကျူးကျော်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ရပြီး အဆိုပါ နှစ်ဖက်ပစ်ခတ်မှုက မိနစ် ၂၀ သာကြာမြှင့်ခဲ့သလို စစ်ကောင်စီဖက်က လက်နက်ကြီး၊ လက်နက်ငယ်အသုံးပြုပြီး တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

“ရွာရဲ့ အရှေ့မြောက်ဘက် ၃ မိုင်အကွာလောက်ရှိမယ် ခုတော့ လက်နက်ကြီးသံ တစ်ချက်တစ်ချက်ကြားတယ်။ စစ်ကောင်စီအင်အားက ၁၀၀ လောက်ရှိမယ် ခြေလျင်နဲ့သွားတာ အရှေ့ဖက် တောင်ပေါ်ကိုတက်သွားတာပါ” လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်ဘေးရှောင်စခန်းရှိရာသို့ ဦးတည်ပြီး နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ ခြေလျင်ဖြင့် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က လှည့်လည်သွားလာရာမှ နယ်မြေကျူးကျော်မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားရပြီး လက်ရှိမှာလည်း တပ်ဆုတ်မှုမရှိသေးဘဲ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...