စစ်တွေမြို့ BXT ဆိပ်ကမ်းအဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ဟုဆို

စစ်တွေမြို့ BXT ဆိပ်ကမ်းအဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ (ဇူလိုင် ၂၇) ညနေ ၄ နာရီခွဲခန့်က မိဇံရပ်ကွက်၊ BXT ကိုရီးယားဆိပ်ကမ်းအဝင်ဝအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း အနီးအနားရှိ ဒေသခံပြည်သူများ ပြောသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မိဇံရပ်ကွက်ဒေသခံတစ်ဦးက “ကျွန်မတို့အိမ်နားမှာပါပဲ။ ထွက်ပြီးတော့ သွားကြည့်ခဲ့ပါတယ်။ မြေသားတွေပွပြီး တွင်းလိုမျိုးဖြစ်သွားပါတယ်။ ညှော်နံ့လည်းရပါတယ်။ အိမ်ကနေတောင်နံပါတယ်။ ဗုံးပေါက်တာလို့လည်း ပြောနေကြပါတယ်။ အစတုန်းက မိုးကြိုးပစ်သလားလို့ထင်တာပါ။ အသံအကျယ်ကြီးပါ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇံရပ်ကွက်အုပ်ချုပ်ရေးမှူးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။

ယင်းနောက် စစ်တွေမြို့နယ် ရဲမှူးကြီးဇော်နိုင်အား ထပ်မံဆက်သွယ်ပြန်ရာလည်း ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကို တင်ပြနိုင်ခြင်းမရှိသေးပါ။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “ကျွန်တော့ကို မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ အကြောင်းကြားလာပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အကြောင်းကြားထားပါတယ်။ ကျွန်တော်သူတို့ဆီက အတည်ပြုချက်ရမှ ပြောလို့ရပါမယ်” ဟု ပြောသည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...