စစ်တွေမြို့ BXT ဆိပ်ကမ်းအဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ဟုဆို

စစ်တွေမြို့ BXT ဆိပ်ကမ်းအဝင်ဝတွင် ပေါက်ကွဲမှုဖြစ်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ (ဇူလိုင် ၂၇) ညနေ ၄ နာရီခွဲခန့်က မိဇံရပ်ကွက်၊ BXT ကိုရီးယားဆိပ်ကမ်းအဝင်ဝအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း အနီးအနားရှိ ဒေသခံပြည်သူများ ပြောသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မိဇံရပ်ကွက်ဒေသခံတစ်ဦးက “ကျွန်မတို့အိမ်နားမှာပါပဲ။ ထွက်ပြီးတော့ သွားကြည့်ခဲ့ပါတယ်။ မြေသားတွေပွပြီး တွင်းလိုမျိုးဖြစ်သွားပါတယ်။ ညှော်နံ့လည်းရပါတယ်။ အိမ်ကနေတောင်နံပါတယ်။ ဗုံးပေါက်တာလို့လည်း ပြောနေကြပါတယ်။ အစတုန်းက မိုးကြိုးပစ်သလားလို့ထင်တာပါ။ အသံအကျယ်ကြီးပါ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇံရပ်ကွက်အုပ်ချုပ်ရေးမှူးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။

ယင်းနောက် စစ်တွေမြို့နယ် ရဲမှူးကြီးဇော်နိုင်အား ထပ်မံဆက်သွယ်ပြန်ရာလည်း ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကို တင်ပြနိုင်ခြင်းမရှိသေးပါ။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “ကျွန်တော့ကို မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ အကြောင်းကြားလာပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အကြောင်းကြားထားပါတယ်။ ကျွန်တော်သူတို့ဆီက အတည်ပြုချက်ရမှ ပြောလို့ရပါမယ်” ဟု ပြောသည်။

 
 

 

 

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...