မွန်ပြည်နယ်လိုအပ်သည့် အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရဟုဆို

မွန်ပြည်နယ်လိုအပ်သည့် အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရဟုဆို

နိင်ငံနှင့်အဝန်း လတ်တလော အောက်စီဂျင်အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်ကာလတွင် မွန်ပြည်နယ်အတွင်း လိုအပ်နေသည့် အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

"အောက်စီဂျင်မလုံလောက်တော့လည်း နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေကြတာပေါ့။ တချို့ကျတော့လည်း နယ်စပ်ကတစ်ဆင့် အသစ်တွေဝယ်တယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ တချို့ကျတော့ တခြားတိုင်းဒေသတွေကို သွားပြီးတော့ ယူတယ်ပေါ့။ တနင်္သာရီဘက်တို့ပေါ့။ အဲလိုမျိုးတွေလိုက်ရှာပြီး ဝယ်နေရတဲ့ အခြေအနေမျိုးတွေရှိတယ်" ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မော်လမြိုင် သထုံနှင့် ရေးမြိုနယ်တို့တွင် အောက်စီဂျင်စက်ရုံရှိသော်လည်း လုံလောက်ခြင်းမရှိကြောင်း၊ နစကကောင်စီ စီစဥ်မှုဖြင့် ပြီးခဲ့သည့်အပတ်တွင် liquid oxygen တင်သွင်းခဲ့ရာ ၄၀ လီတာအိုး တစ်ထောင်ကျော်ရရှိခဲ့သော်လည်း သုံးလေးရက်အတွင်း ကုန်သွားကြောင်း၊ ထို့အတူ မော်လမြိုင် သံလွင်စက်ရုံမှ ဓါတုဗေဒနည်းဖြင့် တစ်နေ့လျင် အောက်စီဂျင် ၄၀ လီတာအိုး ၁၆၀ ကျော်ထုတ်လုပ်နေသော်လည်း လုံလောက်မှုမရှိသေးကြောင်း သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက "မွန်ပြည်နယ် ကိုဗစ်တတိယလှိုင်းမှာ လူနာတစ်ရာမှာ ၄၀ လောက်က အောက်စီဂျင်လိုအပ်လာပါတယ်၊ မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိကလုပ်ငန်းရှင်နဲ့ ပေါင်းပြီး ဦးစွာပထမ liquid အောက်စီဂျင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လုပ်နိုင်ခဲ့ပေမယ့် liquid အောက်စီဂျင်ရရှိမှု အခြေအနေကတော့ အခု အလှူရှင်တွေက လာမယ့် သောကြာ‌နေ့ဆိုရင်တော့ အလှူရှင်တွေအားလုံး လှူဒါန်းမှာဖြစ်တဲ့အတွက် ပြည့်စုံလိမ့်မယ်လို့ ယူဆပါတယ်" ဟု ပြောသည်။

အောက်စီဂျင်ထုတ်လုပ်နိုင်မည့် အင်အားပေါ်မူတည်ပြီး မွန်ပြည်နယ်အတွင်းရှိ ဆေးရုံနှင့် စင်တာများကို ပေးသွားမှာဖြစ်ကြောင်း၊ ၁၀ မြို့နယ်အတွင်း ကိုဗစ်ကုသရေးစင်တာ ၂၅ ခုရှိရာ လူနာပေါင်း ၂၃၇၃ ဦးကို ဆေးကုသပေးလျက်ရှိကြောင်း ၄င်းကဆိုသည်။

၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၁ မေလကုန်အထိ မွန်ပြည်နယ်၏ ကိုဗစ်ပထမနှင့် ဒုတိယလှိုင်းအတွင်း လူနာပေါင်း ၃၇၅၃ ဦးအနက် ၅၄ ဦးသေဆုံးခဲ့ကြောင်း၊ ဇွန်လဆန်းပိုင်းမှ ဇူလိုင် ၂၀ ရက်နေ့အထိ ကိုဗစ်တတိယလှိုင်းကာလအတွင်း လူနာပေါင်း ၄၃၆၇ ဦးရှိသည့်အနက် ၁၉၈ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သိရသည်။

Photo - ရေးမြို့အောက်စီဂျင်စက်ရုံ

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...