ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ ၂ ဦး သေဆုံး၊ ပိုးတွေ့ရှိသူ ၂၄ ဦးတိုးလာ

ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ ၂ ဦး သေဆုံး၊ ပိုးတွေ့ရှိသူ ၂၄ ဦးတိုးလာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေတဲ့ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၅၅) နှစ်အရွယ် အမျိုးသားတစ်ဦး ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ သေဆုံးသွားပြီး လွိုင်ကော်မြို့နဲ့ ဖရူဆိုမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၄) ဦး ထပ်မံတိုးလာတယ်လို့ သိရပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့သူများအနက် အသက် (၆၂) နှစ်အရွယ် အမျိုးသမီးမှာ နံနက်ပိုင်းမှာသေဆုံးသွားပြီး အသက် (၅၅) နှစ်အရွယ်အမျိုးသားမှာ ညနေပိုင်းမှာ သေဆုံးတာဖြစ်ကာ ၎င်းတို့၏ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄ မိုင် သုဿာန်ကို ပို့ဆောင်ကူညီ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့မှာ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၂၄) ဦး ထပ်မံတွေ့ရှိခဲ့ပြီး သူနာပြုသင်တန်းကျောင်း Quarantine Center မှ ၁၁ ဦး၊ Home Quarantine မှ ၃ ဦး၊ လွိုင်ကော်ဆေးရုံကြီးမှ ၉ ဦးနဲ့ ဖရူဆိုမြို့နယ်မှာ တစ်ဦးတို့ ဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၆၃) ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၁ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁၈၁) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၅ ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၆ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၉ ဦးရှိပြီလို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...