အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုးတာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့အထိ စုစုပေါင်း (၁၅၇) ဦးထိ ရှိလာပြီလို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့မှ ပြန်လာတဲ့သူအပါအဝင် အနံ့ပျောက်သူများလည်းပါဝင်တဲ့ နမ့်ဘော်ဝမ် (ခ) ရပ်ကွက်မှ အမျိုးသားတစ်ဦး၊ ဒေါဥခူရပ်ကွက်မှ အမျိုးသားနှစ်ဦး၊ ဒီမော့ဆိုမြို့ ကုန်းသာရပ်ကွက်မှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၄၀) ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၁၁ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁၅၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၃ ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၄ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၃ ဦးရှိပြီလို့ သိရပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...