အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုး၊ စုစုပေါင်း ၁၅၇ ဦးထိရှိလာ

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ အနံ့ပျောက်၍ ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိသူ ၈ ဦးထပ်တိုးတာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့အထိ စုစုပေါင်း (၁၅၇) ဦးထိ ရှိလာပြီလို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့မှ ပြန်လာတဲ့သူအပါအဝင် အနံ့ပျောက်သူများလည်းပါဝင်တဲ့ နမ့်ဘော်ဝမ် (ခ) ရပ်ကွက်မှ အမျိုးသားတစ်ဦး၊ ဒေါဥခူရပ်ကွက်မှ အမျိုးသားနှစ်ဦး၊ ဒီမော့ဆိုမြို့ ကုန်းသာရပ်ကွက်မှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၄၀) ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၁၁ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁၅၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၃ ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၄ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၃ ဦးရှိပြီလို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...