လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦးတွေ့

လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦးတွေ့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တစ်ပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦး တွေ့ရှိကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ်ရေးကော်မတီထံမှ သိရသည်။

ဇူလိုင် ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ အဆိုပါ မြို့ ၂ မြို့ရှိ လူဦးရေ ၆ ထောင်ကျော်ကို စစ်ဆေးခဲ့ရာ Covid-19 ပိုးတွေ့လူနာ ၂၂၇ ဦးရှိကြောင်း သိရသည်။

“လိုင်ဇာမှာတော့ မနေ့က ၁၀၀၀ ကျော်စစ်တယ်။ မတွေ့သေးဘူး။ ဆက်လက်စစ်ဆေးနေတုန်း Positive တော့ မတွေ့သေးဘူး။ မိုင်ဂျာယန်မှာတော့ စစ်ဆေးပြီးပြီး၊ မနေ့က ၁၀၀၀ ကျော်စစ်တယ်။ ဒီထဲမှာ ၆ ရက်ကနေ မနေ့ကထိဆိုတော့ ၂၀၀ ကျော်တွေ့တယ်။ မိုင်ဂျာယန်မှာ စစ်ဆေးမဲ့လူနာ ခုတော့ မရှိတော့သလောက်ပဲ” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ်ရေးကော်မတီတာဝန်ခံ ဗိုလ်မှူးကြီး ဟိန်းဝောမ် ကပြောသည်။

လက်ရှိ KIO ထိန်းချူပ်နယ်မြေ စာသင်ကျောင်းနှင့် ဘုရားဝတ်ပြုကျောင်းများကို ပိတ်ထားပြီး ဈေးဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပေးထားကြောင်း သိရသည်။

ပိုးတွေ့လူနာများမှာ လူငယ်များဖြစ်ပြီး ရောဂါအခြေအနေ ဆိုးဆိုးရွားရွားမဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ယခုလိုပြောသည်။

“ကျနော်တို့ ကိုးဗစ်ပိုးတွေ့လူနာအများစုကို ခန့်မှန်းကြည့်လိုက်ရင် အများစုက ကျောင်းသားတွေမှာဖြစ်တယ်။ အသက်ငယ်ရွယ်သူတွေဖြစ်တယ်။ ပြီးရင် မိုင်ဂျာယန်မှာရောက်ပြီး တစ်လလောက်ကနေ သူတို့မှာ ရောဂါက ကပ်ပါပြီးသား။ ရောဂါမပြင်းထန်တော့ ဘယ်ချိန်ကပ်သွားမှန်း မသိလိုက်ကြဘူး။ ဒီဇွန်လလယ်ပိုင်းလောက်ကနေ အများပိုင်းက ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ လူငယ်တွေမှာဖြစ်တယ်။ ရောဂါလည်း မပြင်းထန်၊ ဖြစ်တာလည်း ကြာပြီ။ အဲ့ဒီလိုမျိုး အချင်းချင်း ကူးစက်ကြာတာဖြစ်တာကြောင့် အရမ်းကြီး စိုးရိမ်ရတဲ့အခြေအနေ လက္ခာတော့မရှိဘူးလို့ မိဘပြည်သူတွေကို အသိပေးချင်တယ်” ဟု ဗိုလ်မှူးကြီး ဟိန်းဝေါမ်ကို ဆက်လက်ပြောဆိုသည်။

KIO ထိန်းချူပ်နယ်မြေဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ၂ သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...