ကသာ PDF နှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါးကျဆုံးဟုဆို

ကသာ PDF နှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါးကျဆုံးဟုဆို

ကသာ PDF နင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသည့် တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါးကျဆုံးခဲ့သည်ဟု ကသာ KPDP က ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

၎င်းတို့၏ ယာယီအခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်မှုကြောင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်မ (၈၈)၊ တပ်ရင်း ၃၀၄၊ ၃၀၉ တို့နှင့် တိုက်ပွဲ ၄ ရက်တာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ခြေလျှင်တိုက်ပွဲများအပြင် စစ်ကောင်စီဘက်က ရေကြောင်းများဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် မိုင်းခွဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့်ပါ ပစ်ကူမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်း ၄ ရက်တိုက်ပွဲအတွင်း KPDF အနေဖြင့် ၃ ဦးကျဆုံးပြီး ၃ ဦး ဆက်သွယ်၍မရသေးကြောင်းလည်း ဆိုထားသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...