၃ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးထပ်တိုး၊ စုစုပေါင်း ၄၅ ဦးထိရှိလာ

၃ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးထပ်တိုး၊ စုစုပေါင်း ၄၅ ဦးထိရှိလာ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ၃ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးထပ်တိုးပြီး စုစုပေါင်း ၄၅ ဦးအထိရှိပြီဖြစ်ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ လူမှုကွန်ယက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နောင်ယား (က) ရပ်ကွက်မှ ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦးရှိပြီး ၎င်းတို့အားလုံးမှာ ခရီးသွားရာဇဝင်မရှိဘဲ ရှေ့ရက် ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့အတွက် ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောင်ယား (က) ရပ်ကွက်မှ ပိုးတွေ့သူ ၉ ဦးအနက် အမျိုးသမီး ၇ ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၁၂ နှစ်အရွယ် ၂ ဦး၊ ၁၃ နှစ်အရွယ် ၂ ဦး၊ ၂၅ နှစ်အရွယ် ၁ ဦး၊ ၄၀ နှစ်အရွယ် ၁ ဦး၊ ၅၄ နှစ်အရွယ် ၁ ဦးတို့ဖြစ်ကြပြီး အမျိုးသား ၂ ဦးမှာ ၃ နှစ်အရွယ် ၁ ဦးနဲ့ ၁၇ နှစ်အရွယ် ၁ ဦးတို့ဖြစ်ကြပါတယ်။

လောဓမ္မရပ်ကွက်မှ ပိုးတှေ့ရှိသူ ၄ ဦးဖြစ်ပြီး ၃၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ၄၇ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် နာနတ်တောရပ်ကွက်မှ ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ မင်းစုရပ်ကွက်မှ ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းမှ ဖော်ပြထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ကရင်နီပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄၅ ဦးအထိရှိနေပြီး သေဆုံးသူ ၂ ဦးရှိကြောင်း သိရပါတယ်။ ယခု ပိုးတွေ့ရှိသူများအားလုံးမှာ ခရီးသွားရာဇဝင် မရှိသူများဖြစ်တယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...