လွိုင်ကော်မြို့တွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန်နှင့် လူစုလူဝေးအခမ်းနားများ ပြုလုပ်လိုပါက (၃) ရက် ကြိုတင်တင်ပြပြီး ခွင့်ပြုချက်တောင်းခံရန် စစ်ကောင်စီညွှန်ကြား

လွိုင်ကော်မြို့တွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရန်နှင့် လူစုလူဝေးအခမ်းနားများ ပြုလုပ်လိုပါက (၃) ရက် ကြိုတင်တင်ပြပြီး ခွင့်ပြုချက်တောင်းခံရန် စစ်ကောင်စီညွှန်ကြား

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်နဲ့ လူစုလူဝေးဖြင့်ပြုလုပ်ရမယ့် အခမ်းအနားတွေကို စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ (၃) ရက်ကြိုတင်တင်ပြ၍ ခွင့်ပြုချက်တောင်းခံရန် ဇူလိုင်လ ၄ ရက်နေ့မှစ၍ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ မျိုးရိုးဗီဇပြောင်း Covid-19 ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် အဆိုပါညွှန်ကြားချက်တွေကို လိုက်နာပေးကြရန် စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ ၄ ရက်နေ့မှာ စာထုတ်ပြီး မြို့နယ်စည်ပင်သာယာရေးဌာနများမှတစ်ဆင့် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်ထဲမှာ လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်ရောင်းချရန်၊ နေ့စဥ် မရှိမဖြစ်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းများကိုသာ Covid စည်းကမ်းနှင့်အညီ ရောင်းချရန်၊ လူစုလူဝေးဖြင့် အခမ်းနား ပြုလုပ်မည်ဆိုပါက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ (၃) ရက် ကြိုတင်အကြောင်းကြား၍ ခွင့်ပြုချက်ရပါက Covid စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ကြရန် စသည့်အချက်တွေ ပါဝင်ပါတယ်။

ရပ်ကွက်အချို့မှာ အသံချဲ့စက်နဲ့ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့လည်း လှည့်လည်ပြောဆိုနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း (၁၁၂) ဦး တွေ့ရှိခဲ့ရပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဇွန်လ ၃၀ ရက်နေ့ ဇူလိုင်လ ၉ ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၃၅) ဦး တွေ့ရှိထားသလို ကိုဗစ်ရောဂါနဲ့သေဆုံးသူ ၂ ဦးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...