ရခိုင်က မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၆၀၀ ကျော်ရှိလာပြီး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေဟုဆို

ရခိုင်က မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၆၀၀ ကျော်ရှိလာပြီး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေဟုဆို

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၆၀၀ ကျော်အထိရှိလာနေပြီး ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ရခိုင်ပြည်နယ်အနေနဲ့တော့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ဆောင်ရွက်နေတာပေါ့” ဟု ၎င်းကဆိုသည်။

မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ မြေပုံ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ ဂွ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့်မြို့နယ်များတွင် ကိုဗစ်အတည်ပြုလူနာ ၆၁၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ကိုဗစ်ဒုတိယလှိုင်းဖြစ်စဉ်တုန်းက လူမှုအဖွဲ့အစည်းများနှင့် လူငယ်များက ကျန်းမာရေးလုပ်အားပေး (Volunteer) များအဖြစ် တက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် volunteer များ အားနည်းနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“အရင် second wave တုန်းကတော့ ပြည်မဖက်က volunteer တွေ ရှိကောင်းရှိမှာပေါ့။ အခုတော့ ကျနော်တို့မှာ အဲဒီဖက်က volunteer တွေကတော့ အလျှော့အတင်းရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရခိုင်ကအသင်းအဖွဲ့အချို့နှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

လတ်တလောတွင် ကိုဗစ်ပိုးတွေ့လူနာများအားကုသရန် ဆေးဝါးပစ္စည်းလုံလောက်မှုရှိပြီး ပိုးတွေ့လူနာ ထပ်တိုးလာမည်ဆိုပါက ဆေးဝါးလုံလောက်မှုရှိစေရန် အကူအညီတောင်းခံထားကြောင်းလည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“လောလောဆယ်တော့ လူနာအနေအထားနဲ့ ကျနော်တို့ ဟန့်တားလုပ်လို့ ရနေသေးတယ်ပေါ့နော်။ ကိုင်တွယ်ဖြေရှင်းလို့ရနေသေးတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၀၀ ကျော်အထိရှိပြီး ယင်းအထဲမှ ဆေးကုသမှုခံယူနေသူ ၅၀၀ ကျော်၊ ဆေးရုံဆင်းခွင့်ရသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၇ ဦးအထိရှိလာနေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

Most read this week

အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...